Videos
COVID – 19 မှ ပျောက်ကင်းသည့်လူနာများက အခြားသူများကို ကယ်တင်နိုင်ရန်သွေးရည်ကြည်များကိုလှူဒါန်း
ရှန်ဟိုင်း၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲပိုင်းက ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံရမှုမှပျောက်ကင်းသက်သာသွားသူပေါင်း ၁၂၄ ဦး ဆေးရုံမှဆင်းခဲ့ကြသည်။ ယင်းတို့အနက် စေတနာ့ဝန်ထမ်း ၁၄ ဦး မှာ ရောဂါအခြေအနေဆိုးဝါးသူများကို ကူညီရန်အလို့ငှာ ၎င်းတို့၏ သွေးရည်ကြည်များကို လှူဒါန်းပေးရန်ဆုံးဖြတ်ခဲ့ကြသည်။
သွေးရည်ကြည်အလှူရှင် Mr. Liu “ဒီလိုလုပ်တာက တခြားသူတွေကို ကူညီနိုင်မယ့်အကောင်းဆုံးနည်းလမ်း တစ်ခုဖြစ်တယ်လို့ ကျွန်တော်ထင်လို့ပါ ကျွန်တော်တို့ကူးစက်ခံခဲ့ရတဲ့အချိန်မှာ အစိုးရက ကျွန်တော်တို့ကို ပျောက်ကင်းသက်သာစေဖို့ကူညီပေးတယ်လေ ဒီတော့အခုကျွန်တော်တို့က အခြားကူးစက်ခံရတဲ့သူတွေကို ကူညီပေးရမယ့်အလှည့်ရောက်ပြီပေါ့ဗျာ” ဟုဆိုသည်။
ကနဦးရလဒ်များအရ ရောဂါ ပျောက်ကင်းသွားသူများထံမှရသည့် သွေးရည်ကြည် သည် အပြင်းအထန် ကူးစက်ခံရပြီး အခြေအနေဆိုးဝါးသည့် လူနာများကို ကုသရာတွင် အကျိုးသက်ရောက်မှု ကောင်းစွာရရှိကြောင်း လေ့လာတွေ့ရှိရသည်။ဝူဟန့်မြို့ရှိ ကပ်ရောဂါ ထိန်းချုပ်ကုသရေးစင်တာတွင်လည်း ရောဂါအခြေအနေမှ ပျောက်ကင်းသက်သာသွားသည့် လူနာ ၂၀ ဦးက၎င်းတို့၏ သွေးရည်ကြည်များကိုလှူဒါန်းခဲ့ကြသည်။ထို့အပြင် နိုင်ငံ၏ အခြားဒေသများတွင်လည်း ပြည်သူများစွာက လှူဒါန်းမှုပြုလုပ်ရန် စာရင်းများပေးသွင်း ခဲ့ကြသည်။ (Xinhua)