Connect with us

North America

အမေရိကန် နိုင်ငံ တွင် အမျိုးသမီးများ ဆိုးရွားစွာ ခွဲခြားဆက်ဆံမှု နှင့် အကြမ်းဖက်ခံရမှု တို့ဖြင့် ရင်ဆိုင်နေရကြောင်း လူ့အခွင့်အရေး အစီရင်ခံစာ တွင် ဖေါ်ပြ   

အမေရိကန် နိုင်ငံ ရှိ အမျိုးသမီးများ က နယူးယောက် မြို့ တွင် ဆန္ဒပြ နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၁၉ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံး ၏ မတ်လ ၁၃ ရက် တွင် ထုတ်ပြန်ကြေညာ ခဲ့သော “၂၀၁၉ ခုနှစ် အမေရိကန် နိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာ” အရ အမေရိကန် နိုင်ငံ တွင် အမျိုးသမီးများ သည် ဆိုးရွားသည့် ခွဲခြားဆက်ဆံမှု နှင့် အကြမ်းဖက်ခံရမှု တို့ဖြင့် ရင်ဆိုင်နေရကြောင်း သိရှိခဲ့ရသည်။

၎င်း အစီရင်ခံစာ အရ အမေရိကန် နိုင်ငံ တွင် နိုင်ငံထူထောင်ခဲ့သည့် ရာစုနှစ်နှစ်ခု အတွင်း အမျိုးသမီးများ သည်  ကာလတစ်လျှောက် တန်းတူဆက်ဆံမှု ရရှိရေး အတွက် ကြိုးစားနေခဲ့ရကြောင်း ၊ သို့သော် လက်ရှိချိန်ထိ အမေရိကန် နိုင်ငံ သည် အမျိုးသမီးများ အပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီမှု စာချုပ် (CEDAW) အား အတည်ပြုခဲ့ခြင်း မရှိဘဲ အမေရိကန် နိုင်ငံ ရှိ အမျိုးသမီးများ က လက်ရှိချိန်ထိ စနစ်တကျ ၊ ကျယ်ကျယ်ပြန့်ပြန့် ခွဲခြားဆက်ဆံမှု ခံနေရပြီး တရားဝင် နှင့် လျှို့ဝှက် ခွဲခြားဆက်ဆံမှုများ မှာလည်း လွန်စွာ ထိန့်လန့်ဖွယ် ကောင်းကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ ဝါရှင်တန် မြို့ တွင် ပိုစတာ ကိုင်ဆောင်၍ ဆန္ဒပြနေသူ တစ်ဦး အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ထို့ပြင် အစီရင်ခံစာအရ အမေရိကန် နိုင်ငံ ရှိ အမျိုးသမီးများ သည် ဆိုးရွားသည့် ညှင်းပန်းနှိပ်စက်မှု နှင့် ကြုံတွေ့နေရပြီး အမျိုးသမီး အများစု သည် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှု နှင့် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှု အန္တရာယ် ၏ ခြိမ်းခြောက်မှု နှင့် ရင်ဆိုင်နေရကြောင်း ၊ အမေရိကန် နိုင်ငံ တွင် လိင်ပိုင်း ဆိုင်ရာ ကျူးလွန်မှု ပြစ်မှု များက အဆက်မပြတ် တိုးမြင့်လာခဲ့ပြီး လုပ်ငန်းခွင် တွင် အမျိုးသမီး များ ခွဲခြားဆက်ဆံခံရမှု က ကျယ်ပြန့်စွာ တည်ရှိနေကြောင်း ၊ အမျိုးသမီးများ အပေါ် ခွဲခြားဆက်ဆံမှု နှင့် လူမျိုးရေးဆိုင်ရာ ခွဲခြားဆက်ဆံမှု တို့ ပေါင်းစပ်၍ အမျိုးသမီးများ အနေဖြင့် လွန်စွာ ဆိုးရွားသည့် ဆင်းရဲနွမ်းပါးမှု ဆိုင်ရာ ခြိမ်းခြောက် သည့် အန္တရာယ် နှင့် ရင်ဆိုင်နေရကြောင်း သိရှိခဲ့ရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.