Connect with us

Politics, Law & Military

WHO ပိုင် ကုလသမဂ္ဂ တံဆိပ်တပ်ဆင်ထားသော ကားတစ်စီး  ရခိုင်ပြည်နယ် မင်းပြား၌ အပစ်ခံရ ၊ ယာဉ်မောင်း သေဆုံး

ဝမ်းနည်းခြင်းအထိမ်းအမှတ် UN အလံအား တိုင်တစ်ဝက် လွှင့်ထူထားသည်ကိုတွေ့ရစဉ်(ဓာတ်ပုံ- UN ရုံး)

နေပြည်တော်၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၌ ဧပြီ ၂၀ ရက်တွင် ကမ ္ဘာ့ကျန်းမာရေးအဖွဲ့ ပိုင် ကမ္ဘာ့ကုလသမဂ္ဂ(UN) တံဆိပ်ပါ မော်တော်ယာဉ်တစ်စီးအား  ULA/AA အကြမ်းဖက်အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ယာဉ်မောင်းနှင့် ကျန်းမာရေး ဝန်ထမ်းတစ်ဦး ဒဏ်ရာရခဲ့ကြောင်း မြန်မာ့ သတင်းစဉ်က ဖော်ပြခဲ့ပြီး  အဆိုပါ ယာဉ်မောင်း ဦးပြည့်စုံဝင်းမောင်သည် ရရှိခဲ့သော ဒဏ်ရာကြောင့် ယနေ့ တွင် သေဆုံးခဲ့ကြောင်း UN က အတည်ပြု သတင်းထုတ်ပြန်ခဲ့သည်။

စစ်တွေမြို့တွင် လေကြောင်း ခရီးစဉ်များ ရပ်နားထားသဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ COVID-19 ရောဂါ စောင့်ကြည့်ခံရသူများ၏ နှာခေါင်း၊ အာခေါင် တို့ဖတ်နမူနာများအား ရန်ကုန်မြို့ရှိ အမျိုးသား ဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ ပို့ဆောင်ရန် စစ်တွေမြို့မှ ဧပြီ ၂၀ ရက် နံနက် ၈း၀၀ နာရီ ထွက်ခွာလာသည့် WHO ခန့် ဝန်ထမ်း အရပ်သား ယာဉ်မောင်း ဦးပြည့်စုံဝင်းမောင် မောင်းနှင်ပြီး အရပ်သား ကျန်းမာရေး ဝန်ထမ်း ကြီးကြပ်(၂) ဦးအောင်မျိုးဦး လိုက်ပါသည့် WHOမှ ဒေသဆိုင်ရာ ပိုလီယို အရာရှိ၏ WHO ပိုင် UN 5/ 34 မော်တော်ယာဉ်အား မင်းပြားမြို့နယ် ရာမောင်တံတားအလွန် ရာမောင်ဇက်ဆိပ်အနီး၌ ULA/AA အကြမ်းဖက်အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် ယာဉ်မောင်း၏ ဘယ်ဘက် တင်ပါး ဖောက်ဝင် ဒဏ်ရာ တစ်ချက်နှင့် ယာဘက် တံတောင်ဆစ် စုတ်ပြတ်ဒဏ်ရာ တစ်ချက် ရရှိခဲ့ပြီး ကျန်းမာရေး ကြီးကြပ်(၂) ဦးအောင်မျိုးဦး၏ ယာဘက် လက်ဝါး စုတ်ပြတ် ဒဏ်ရာ တစ်ချက်ရရှိခဲ့ကာ မင်းပြား ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသပေးလျက် ရှိကြောင်း မြန်မာ့ သတင်းစဉ်က ဖော်ပြခဲ့သည်။

အဆိုပါ ဒဏ်ရာရသူနှစ်ဦးအနက် WHO ၏ ဝန်ထမ်း ဖြစ်သူ ယာဉ်မောင်း ဦးပြည့်စုံဝင်းမောင်သည် ရရှိခဲ့သော ဒဏ်ရာကြောင့် ယနေ့ နေ့လယ်ပိုင်း သေဆုံးခဲ့ရခြင်းအပေါ် UN အနေဖြင့် အလွန် ဝမ်းနည်းစွာ အတည်ပြုအပ်ပါကြောင်း ရန်ကုန်မြို့ရှိ UN ရုံးက သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.