Connect with us

Sport

တရုတ်နိုင်ငံ၌ ကျင်းပလျက်ရှိသည့်  Chinese 8 Ball     ပြိုင်ပွဲတွင်  မြန်မာ   Pool    ကစားသမား ဘုန်းမြင့်ကျော် လေးပွဲကစား လေးပွဲနိုင်ထား ၊ မေ၁၅ ရက်တွင် ငါးပွဲမြောက်ယှဉ်ပြိုင်မည် 

မြန်မာ Pool ကစားသမားဘုန်းမြင့်ကျော် (ခ) အားတီ အားတွေ့ရစဉ် (ဓာတ်ပုံ-- ကိုအားတီ Facebook)

ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၌ chaoyang  မြို့တွင် ကျင်းပလျက်ရှိသည့်  Chinese 8 Ball     ပြိုင်ပွဲတွင် ဝင်ရောက်     ယှဉ်ပြိုင်နေသည့် မြန်မာ   Pool    ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီသည် လေးပွဲကစားလေးပွဲနိုင်ထားပြီး မေ ၁၅၊ ၁၆ ရက်တွင်    ယှဉ်ပြိုင်ရမည့်ပွဲစဉ် များတွင် မြန်မာနိုင်ငံအလံပါ အက်ျီကို ဝတ်ဆင်ကစားရမည်ဖြစ်ကြောင်း  Messenger မှတစ်ဆင့် ၎င်းက ပြောကြားခဲ့သည်။

ကိုအားတီက “အခု ကျွန်တော်ယှဉ်ပြိုင်ခဲ့တာဆိုရင် လေးပွဲထိုး၊ လေးပွဲနိုင်၊ ၈ယောက်ပတ်လည် ဆိုတော့ အားလုံးပေါင်း ၇ ပွဲ ထိုးရမယ်။ ၃ ပွဲကျန်သေးတယ်။ ၃ ပွဲ က မေ၁၅ ရက်မှာ တစ်ပွဲ၊ မေ၁၆ ရက်မှာ တစ်ပွဲ၊ နောက်ဆုံး ၁ ပွဲ ကတော့ နည်းနည်းကြာဦးမယ်။ ကျွန်တော့်အနေနဲ့ ဒီပြိုင်ပွဲကို ပါဝင်ရလို့ဂုဏ်ယူတယ်။ ကျင်းပတဲ့ ကော်မတီက အကျ်ီပေါ်မှာ မြန်မာလိုဂိုတပ်ပေးမယ်ဆိုတော့ အတိုင်းထက်အလွန်ဝမ်းသာရပါတယ်။’’ ဟုပြောသည်။

Chinese 8 Ball ပြိုင်ပွဲကို ဧပြီ ၁၈ ရက်တွင်  စတင်ကျင်းပခဲ့ပြီး ဘုန်းမြင့်ကျော် (ခ) ကိုအားတီသည်     လေးပွဲ ကစား၊ လေးပွဲနိုင် ရမှတ် ၂၄,၅၀၀ရရှိထားကြောင်းသိရသာ်။ ဘုန်းမြင့်ကျော်သည် မေ  ၁၅၊  ၁၆၊  ၃၁ ရက်တွင် လက်ကျန်သုံးပွဲ   ထပ်မံကစားရ မည်ဖြစ်သည်။

၎င်းက “ကျွန်တော်နေ့တိုင်း တစ်နေ့ ကို ၅-၆ နာရီ လောက်လေ့ကျင့်ဖြစ်နေပါတယ်။ ပရိတ်သတ်တစ်ယောက်ချင်းစီရဲ့ အားပေးမှုတွေက ကျွန်တော့်အတွက်  အားတွေဖြစ်စေပါတယ်။ အရမ်းလည်းဝမ်းသာပါတယ်။ ကျေးဇူးလည်း တင်ပါတယ် လို့ ပြောချင်ပါတယ်။’’ ဟုပြောသည်။

 မြန်မာပရိသတ် အများအပြား   အားပေးနေသော ကြောင့်        ပြိုင်ပွဲကျင်းပရေးက ပြန်လည်ဂုဏ်ပြုသည့်အနေဖြင့် ပြိုင်ပွဲကစားသည့်    အင်္ကျီတွင် မြန်မာနိုင်ငံအလံ    တပ်ဆင်ခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအလံပါသည့်   အင်္ကျီ ကို  မေ ၁၅ ရက်ပွဲအမီ ပြီးစီးရန် ဆောင်ရွက်နေကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117