Connect with us

WORLD

 ထရမ့်က ကပ်ရောဂါကာလအတွင်း  အများရှေ့တွင် ပထမဆုံးအကြိမ်အဖြစ် နှာခေါင်းစည်းတပ်ဆင်

အမေရိကန် သမ္မတ ထရမ့် ဇူလိုင် ၁၁ ရက်က မေရီလန်းပြည်နယ်ရှိ Walter Reed အမျိုးသားစစ်ဘက်ဆိုင်ရာ ဆေးကုသရေးစင်တာသို့ သွားရောက်စဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် ဇူလိုင် ၁၁ ရက်က မေရီလန်းပြည်နယ်ရှိ Walter Reed အမျိုးသားစစ်ဘက်ဆိုင်ရာ ဆေးကုသရေးစင်တာသို့သွားရောက်စဉ် အများရှေ့တွင် ပထမဆုံးအကြိမ် နှာခေါင်းစည်းတပ်ဆင်ခဲ့ကြောင်း သိရသည်။

ထရမ့်က ယင်းနေ့ စစ်ဘက်ဆိုင်ရာ ဆေးကုသရေးစင်တာသို့ သွားရောက်လေ့လာစဉ် သမ္မတ အမှတ်တံဆိပ်ပါသည့် နက်ပြာရောင် နှာခေါင်းစည်းကို တပ်ဆင်ခဲ့သည်။ ယင်းမှာ ကပ်ရောဂါကာလအတွင်း ထရမ့်၏ပထမဆုံးအကြိမ်အဖြစ် အများရှေ့တွင် နှာခေါင်းစည်းတပ်ဆင်ခြင်း ဖြစ်ကြောင်း သိရသည်။“ကျွန်တော်က နှာခေါင်းစည်းတပ်ဖို့ တစ်ခါမှ မဆန့်ကျင်ခဲ့ဘူး။ နှာခေါင်းစည်းတပ်တယ်ဆိုတာက အချိန်နဲ့နေရာကို ကြည့်ရမယ်လို့ ယုံကြည်တယ်”ဟု ထရမ့်က အိမ်ဖြူတော်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ယခုနှစ် မတ်လက အမေရိကန်တွင် ကိုဗစ်ရောဂါ အကြီးအကျယ်ဖြစ်ပွားနေစဉ်ကတည်းက ထရမ့်သည် အများရှေ့အခမ်းအနားပွဲများတွင် နှာခေါင်းစည်းတပ်ရန် အမြဲငြင်းဆိုခဲ့သည်။ အမေရိကန်မီဒီယာများ၏ သတင်းများအရ မေ လကုန်ပိုင်းတွင် မီချီဂန်ပြည်နယ်ရှိ Ford ကားစက်ရုံသို့ သွားရောက်လေ့လာစဉ်က လည်း ကုမ္ပဏီက စက်ရုံတွင် နှာခေါင်းစည်းတပ်ရမည့်စည်းကမ်းသတ်မှတ်ချက်ရှိရာ တပ်ဆင်ရန် အိမ်ဖြူတော်ကို ကြိုတင်အကြောင်းကြားခဲ့ကြောင်း ၊ ထရမ့်က စက်ရုံလေ့လာသည့်အစပိုင်းတွင်ပဲ နှားခေါင်းစည်းတပ်ခဲ့ပြီး “မီဒီယာတွေကို မမြင်စေချင်ဘူး”ဟုဆိုကာ  သတင်းထောက်များအား ဓါတ်ပုံရိုက်ခွင့်မပေးခဲ့ကြောင်း သိရသည်။

ဇွန် လကုန်ပိုင်းတွင် အမေရိကန်၌ ကပ်ရောဂါအခြေအနေ ထပ်မံ ဆိုးဝါးလာသည့်အခါ ဒီမိုကရက်တစ်ပါတီနှင့် ရီပတ်ပလစ်ကန် ပါတီနှစ်ခုစလုံးမှ နိုင်ငံရေးသမားများက နှာခေါင်းစည်းတပ်ခြင်းသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်တာဆီးရန်အရေးကြီးသည်ကို ပြည်သူများအား စံနမူပြုရန်  ထရမ့်အား တိုက်တွန်းခဲ့သလို အမေရိကန် ပြည်သူ့ကျန်းမာရေးပညာရှင်များကလည်း ရောဂါကာကွယ်ခြင်းတွင် နှာခေါင်းစည်းတပ်ခြင်း၏အရေးကြီးပုံကို အဖန်တလဲလဲ ပြောကြားခဲ့သည်။ သို့သော်လည်း အိမ်ဖြူတော်က ကပ်ရောဂါကာလအတွင်း အများပြည်သူစုစည်းရာနေရာတွင် နှာခေါင်းစည်းတပ်ရေး စည်းကမ်းချက် ထုတ်ပြန်ရန် ငြင်းဆိုခဲ့သည်။ အမေရိကန်နိုင်ငံ ပြည်နယ် ၂၀ ကျော်တွင် နှာခေါင်းစည်းတပ်ရန်သတ်မှတ်တောင်းဆိုချက်များရှိခဲ့သော်လည်း ကပ်ရောဂါအခြေအနေဆိုးဝါးသည် အရီဇိုးနားနှင့် ဖလော်ရီဒါ စသည့်ပြည်နယ်များတွင် ယင်း သတ်မှတ်တောင်းဆိုချက်မရှိကြောင်း သိရသည်။

ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိန်းဂဏန်းများအရ ဇူလိုင် ၁၁ ရက် အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ညနေပိုင်းအထိ အမေရိကန်နိုင်ငံတွင် စုစုပေါင်း COVID-19 ရောဂါ အတည်ပြုလူနာ ၃.၂၄ သန်း ကျော်ရှိပြီး သေဆုံးသူ ၁၃၄,၀၀၀ ကျော်ရှိကြောင်း သိရသည်။ (Xinhua)

  

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117