Connect with us

WORLD

 ဖလော်ရီဒါ တွင် အသစ်ထပ်တိုးလူနာ ၁သောင်းခွဲကျော်ရှိ၊ အမေရိကန်နိုင်ငံ ပြည်နယ်များအနက် တစ်ရက်အတွင်း အသစ်ထပ်တိုးလူနာအများဆုံး ပြည်နယ် ဖြစ်လာ 

အမေရိကန်နိုင်ငံ နယူးယောက်မြို့၏ မြင်ကွင်းအချို့အား ဇူလိုင် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ်တွင် COVID-19ရောဂါ အသစ်ထပ်တိုးလူနာ ၁၅,၂၉၉ ဦး ရှိလာရာ ယင်းမှာ ယခုနှစ် မတ်လတွင် အမေရိကန်၌ ကပ်ရောဂါ ပြန့်နှံ့ဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံအတွင်းရှိ ပြည်နယ်များအနက် တစ်ရက်အတွင်း အတည်ပြုလူနာ အမြင့်ဆုံး စံချိန်ချိုးသည့် ပြည်နယ်ဖြစ်လာကြောင်း ယင်းပြည်နယ် ကျန်းမာရေးဝန်ကြီးဌာန၏ ဇူလိုင် ၁၂ ရက် အစီရင်ခံစာများအရ သိရသည်။ 

ထိုမတိုင်မီ ဧပြီ ၁၅ ရက်က နယူးယောက်ပြည်နယ်သည် တစ်ရက်အတွင်း အသစ်ထပ်တိုးလူနာ ၁၁,၅၇၁ ဦး ဖြင့်လည်းကောင်း၊ ဇူလိုင် ၈ ရက်က ကယ်လီဖိုးနီးယားပြည်နယ်သည် ၁၁,၆၉၄ ဦး ဖြင့်လည်းကောင်း အမြင့်ဆုံးစံချိန်တင် ခဲ့ကြသည်။ ဖလော်ရီဒါပြည်နယ် ကျန်းမာရေးဝန်ကြီးဌာ၏ ကိန်းဂဏန်းများအရ ၎င်းပြည်နယ်တွင် ဇူလိုင် ၁၂ ရက်က COVID-19ရောဂါ အသစ်ထပ်တိုးလူနာ ၁၅,၂၉၉ ဦး ရှိပြီး စုစုပေါင်း အတည်ပြုလူနာ၂၆၉,၈၁၁ ဦး ၊ အသစ်ထပ်တိုး သေဆုံးသူ ၄၅ ဦးနှင့် စုစုပေါင်း သေဆုံးသူ ၄,၃၄၆ ဦးထိ ရှိကြောင်း သိရသည်။ လာမည့် ရက်သတ္တပတ်များတွင်လည်း သေဆုံးမှုနှုန်း ဆက်လက်မြင့်မားလာနိုင်ကြောင်း ကျန်းမာရေးပညာရှင်များက သတိပေးထားသည်။ 

ကပ်ရောဂါ ပျံ့နှံ့လာမှုကြောင့် ပြည်နယ်အတွင်း အရက်ဘားများကို ပိတ်ထားရန် ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး Ron DeSantisက ဇွန် လကုန်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း အများပြည်သူစုဝေးရာနေရာတွင် နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရေး ထုတ်ပြန်ရန် ငြင်းဆိုခဲ့ပြီး  စာသင်ကျောင်းများကို ဩဂုတ်လတွင် ပြန်လည်ဖွင့်လှစ်ရန် တိုက်တွန်းလျက်ရှိကြောင်း သိရသည်။ ဖလော်ရီဒါပြည်နယ် အလယ်ပိုင်းရှိ Walt Disney Worldကိုမူ ယခုလ ဇူလိုင် ၁၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ 

အမေရိကန်နိုင်ငံ နယူးယောက်မြို့၏ မြင်ကွင်းအချို့အား ဇူလိုင် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန် စားသောက်ကုန်နှင့်ဆေးဝါး စီမံခန့်ခွဲ့ရေးဌာန ယခင်အကြီးအကဲ Scott Gottliebက ဇူလိုင် ၁၂ ရက်  CBS၏ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာတွင် လာမည့်နှစ်ပတ် သုံးပတ်အတွင်း အမေရိကန် တောင်ပိုင်း ပြည်နယ်အသီးသီး၏ ကပ်ရောဂါအခြေအနေသည် အထွတ်အထိပ်သို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းပြောကြားခဲ့သည်။ 

အမေရိကန်နိုင်ငံ နယူးယောက်မြို့၏ မြင်ကွင်းအချို့အား ဇူလိုင် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယခုရက်ပိုင်းအတွင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့်ကြိုတင်ကာကွယ်ရေးစင်တာ(CDC)၏ ထုတ်ပြန်ချက်များအရ တစ်ရက်အတွင်း COVID-19ရောဂါ အသစ်ထပ်တိုးလူနာအရေအတွက်သည် ၅ သောင်းကျော် ရှိကြောင်း သိရသည်။ ယင်းစင်တာ၏ ဇူလိုင် ၁၁ ရက်ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ပြီးခဲ့သော ၂၄ နာရီအတွင်း အမေရိကန်တွင် COVID-19ရောဂါ အသစ်ထပ်တိုးအတည်ပြုလူနာ ၆၆,၂၈၁ ဦး ရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117