International Organizations
ကုလသမဂ္ဂလုံခြုံရေးကောင်စီ က ကပ်ရောဂါ ဖြစ်ပွားပြီး ၄ လ အကြာတွင် ပထမဆုံး အကြိမ် မျက်နှာစုံညီ အစည်းအဝေး ကျင်းပ
 
																								
												
												
											ကုလသမဂ္ဂ ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဇူလိုင်လ ၁၄ ရက် တွင် နယူးယောက်မြို့ ရှိ ကုလသမဂ္ဂ ဌာနချုပ် ၌ မျက်နှာစုံညီ အစည်းအဝေး တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့ပြီး ယခု အကြိမ် အစည်းအဝေးသည် COVID-19 ရောဂါ ကမ္ဘာလုံးဆိုင်ရာ ဖြစ်ပွားပြီးနောက် ၄ လအကြာကာလတွင် ပထမဆုံး အကြိမ် ကုလသမဂ္ဂ ရုံးချုပ်တွင် ကျင်းပ ပြုလုပ်သည့် အစည်းအဝေး ဖြစ်ကြောင်း သိရသည်။
အစည်းအဝေးတွင် လုံခြုံရေးကောင်စီ အနေဖြင့် ကုလသမဂ္ဂ ညီလာခံ ထံသို့ အစီရင်ခံစာ နှင့် ဆုံးဖြတ်ချက် နှစ်ရပ် အား ပေးပို့ခဲ့ပြီး ကိုလံဘီယာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှင့် ပတ်သက်၍ ဆွေးနွေးမှု ပြုလုပ် ခဲ့ကြောင်း သိရသည်။ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန် အလို့ငှာ အစည်းအဝေးကို လုံခြုံရေးကောင်စီ ခန်းမ တွင် ကျင်းပ ပြုလုပ်ခြင်း မရှိဘဲ အခန်း ပိုမို ကျယ်ဝန်းသည့် စီးပွားရေး နှင့် လူမှုရေး ကောင်စီ ခန်းမ တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း ၊ အစည်းအဝေး တက်ရောက်သောသူ များ အနေဖြင့် သင့်လျော်သော အကွာအဝေး တွင်နေထိုင်၍ နှာခေါင်းစည်း များ တပ်ဆင်ထား ခဲ့ကြကြောင်း ၊ သတင်း မီဒီယာ များ အနေဖြင့်လည်း အစည်းအဝေးအတွင်း ဝင်ရောက်ခွင့် မပြုဘဲ ကုလသမဂ္ဂ ၏ သတင်း ဝက်ဆိုက်လ် မှ ထုတ်ပြန်ချက်များကို ရယူ သတင်းရေးသားစေခဲ့ကြောင်း သိရသည်။
နယူးယောက်မြို့ အနေဖြင့် ကပ်ရောဂါ အား ရင်ဆိုင်ရန် အတွက် ယခုနှစ် မတ် ၁၂ ရက် တွင် အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။ ယင်းနောက်တွင် ကုလသမဂ္ဂညီလာခံ နှင့် လုံခြုံရေးကောင်စီ စသော ကုလသမဂ္ဂ ၏ အရေးပါသည့် အဖွဲ့အစည်းများ၏ အစည်းအဝေးများကို ဗီဒီယို မှ တဆင့် ကျင်းပ ပြုလုပ်ခဲ့ရပြီး သက်ဆိုင်ရာ လုပ်ငန်း ဆက်လက်ဆောင်ရွက်သွားနိုင်ရန် စီမံဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)

 
									 
																	 
									 
																	 
									