Connect with us

Politics, Law & Military

ဇေကမ္ဘာဝင်းအတွင်း၌ ကွန်တိန်နာကားတစ်စီးပေါ်တွင် ဖမ်းဆီးရမိခဲ့သော စိတ်ကြွရူးသွပ်ဆေးပြား ၂၆.၇ သန်းအား အဓိကထုတ်လုပ် ရောင်းဝယ်စီမံသူနှင့်အဖွဲ့ကို ၅ နှစ်အကြာ၌ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော ကွန်တိန်နာကားနှင့် စိတ်ကြွရူးသွပ်ဆေးပြားများအား တွေ့ရစဉ်(ဓာတ်ပုံ- မြန်မာနိုင်ငံရဲတပ်ဖွဲ့)

ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးဇေကမ္ဘာဝင်းအတွင်း၌  ၂၀၁၅ ခုနှစ်  ဇူလိုင်လအတွင်းက ကွန်တိန်နာကားအတွင်းရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၆.၇ သန်းအား  ဖမ်းဆီးရမိခဲ့ရာ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများအား အဓိကထုတ်လုပ်သူကို ၅ နှစ်အကြာ၌ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစွဲမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC myanmar)ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများ၏ အဓိကထုတ်လုပ်သူ/ရောင်းဝယ်စီမံသူ တရားခံပြေး နှင့် အဖွဲ့ကို ကွတ်ခိုင်မြို့နယ်၊ လွယ်ခန်ဒေသ၊ အထူးစစ်ဆင်ရေးတွင် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၁၅ ရက်က ဖမ်းဆီးရမိခဲ့ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်း စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိသည့် အချိန်ကတည်းက သယ်ဆောင်သူနှင့် ဆက်စပ်သူ ၈ ဦးကိုလည်း ဖမ်းဆီးရမိပြီး ဥပဒေနှင့်အညီ အရေးယူခဲ့ကြောင်း သိရသည်။

” ပြည်သူတွေကပြောတယ် မူးယစ်ဆေးဝါးတွေက ဖမ်းဆီးလိုက်တိုင်း ပိုင်ရှင်မဲ့ကြီးပဲ၊ တရားခံမမိတာကြီးပဲဆိုပြီး၊ မူးယစ်ဆေးဝါးဟာ ကွင်းဆက်တွေ ဆက်စပ်တရားခံတွေ အမြဲရှိနေတာမို့ ဖမ်းမိထားလည်း ထုတ်ပြောမရတာတွေ ရှိသလို၊ မဖမ်းမိသေးတဲ့ တရားခံတွေလည်းရှိတယ်၊ မဖမ်းမိတဲ့ တရားခံပြေးတွေကိုလည်း တရားခံပြေးစာရင်းထဲ ပျောက်သွားတယ်မရှိဘူး၊ ပျက်မသွားဘဲ တချိန်ချိန်တွင် ဆက်စပ်ဖော်ထုတ် ဖမ်းဆီးဖို့ ကြိုးစားနေတာပါ” ဟု နေပြည်တော်မူးယစ်ရဲတပ်ဖွဲ့မှ ရဲမှူးတစ်ဦးက ဆင်ဟွာသို့ အာက်တိုဘာ ၃၁ ရက်တွင် ပြောသည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၃၀ ရက်၌ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီးပေါ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၈၉ သိန်းနှင့်အတူ ဖမ်းဆီးရမိသည့်ယာဉ်ကို ရှမ်းပြည်နယ်မြောက်ပိုင်း နယ်မြေအတွင်း ကတည်းက ခြေရာခံမိထားပြီး အဓိကတရားခံနှင့် လွှဲပြောင်းလက်ခံလုပ်မည့် ကွင်းဆက်ရရှိရန်အတွက် ရန်ကုန်အဝင်မှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆေးပြားများသည် ရန်ကုန်တွင် ထိန်းသိမ်းသိုလှောင် ပြင်ဆင်ထုပ်ပိုး၍ တစ်ဆင့်ဆက်ပို့မည့်အခြေအနေများ ရှိသဖြင့် အခြားနေရာများရှိ  ကွင်းဆက်တရားခံများကို ဖော်ထုတ်ရန် ရှိသဖြင့် အချို့တရားခံ အမည်/နေရပ်များ မဖော်ပြခြင်းသာ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117