Connect with us

Science & Technology

ထပ်မံတိုးတက် သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း(၄)ခု ဆက်လက် ဆောင်ရွက်လျက်ရှိ

ပေါင်းလောင်း မြေအောက် ရေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံသို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးစဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

ထပ်မံတိုးတက် သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း ၄ ခုကို ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားခဲ့သည်။

ထို့သို့ ဆောင်ရွက်လျက်ရှိရာတွင် အထက် ကျိုင်းတောင်း ရေအား လျှပ်စစ်စီမံကိန်း(၅၁ မဂ္ဂါဝပ်)ကို ၂၀၂၁-၂၀၂၂ တွင်လည်းကောင်း၊ အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်း (၂၈၀ မဂ္ဂါဝပ်) ကို ၂၀၂၂-၂၀၂၃ တွင်လည်းကောင်း၊ အလယ် ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း (၁၅၂ မဂ္ဂါဝပ်) ကို ၂၀၂၄-၂၀၂၅ တွင်လည်းကောင်း၊ သူဌေး ရေအားလျှပ်စစ်စီမံကိန်း (၁၁၁ မဂ္ဂါဝပ်) ကို ၂၀၂၅-၂၀၂၆ တွင်လည်းကောင်း အသီးသီး အချိန်မီထုတ်လုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က နိုဝင်ဘာ ၂၁ ရက်က နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်း မြေအောက် ရေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ယခင် ၂၀၁၆ ခုနှစ်တွင် အရင်းအမြစ် ပေါင်းစုံမှ နေ့စဉ် ၄၈,၀၀၀ မဂ္ဂါဝပ်နာရီ ထုတ်ပေးရာတွင် ယခုအခါ နေ့စဉ် ၆၅,၀၀၀ မဂ္ဂါဝပ်နာရီ ခန့် ဓာတ်အားစနစ်သို့ တိုးတက်ထုတ်လုပ်ပေးလျက် ရှိကြောင်း၊ ထိုသို့ ထုတ်လုပ်ပေးလျက်ရှိ ရာတွင် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ(၂၈)ရုံမှ စက်တပ်ဆင် အင်အား ၃,၂၂၅ မဂ္ဂါဝပ်ဖြင့် နေ့စဉ်ပျမ်းမျှ ၂,၆၀၀ မဂ္ဂါဝပ်နာရီ (၃၆ ရာခိုင်နှုန်း)ခန့် ထုတ်လုပ် ပေးလျက်ရှိကြောင်း သိရသည်။

ထို့အတူ မကြာမီကာလတွင် ရေအားလျှပ်စစ်စက်ရုံ များတွင် Floating Solar Power Plant များ တည်ဆောက်၍ Hydro –Solar Hybrid စနစ်ဖြင့် ဓာတ်အား ပိုမိုထုတ်လုပ် နိုင်ရန် စီစဉ်လျက် ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နှစ်စဉ်တိုးတက် သုံးစွဲလာသော လျှပ်စစ်ဓာတ်အားကို တိုးတက်ဖြန့်ဖြူးပေးနိုင်ရန်နှင့် တစ်နှစ်ပတ်လုံး စဉ်ဆက် မပြတ် ထုတ်လုပ်၍ လျှပ်စစ်ဓာတ်အား တည်ငြိမ်စွာဖြန့်ဖြူးပေး နိုင်ရန်အတွက် ရေအားလျှပ်စစ် စက်ရုံများ၊ နေရောင်ခြည်စွမ်းအင် သုံးစက်ရုံများ၊ သဘာဝဓာတ်ငွေ့နှင့် အပူစွမ်းအင်သုံး စက်ရုံများ၊ LNG သုံးစက်ရုံများစသည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းများကို GenerationMix တွင် အရင်းအမြစ်မျိုးစုံ ပါဝင် ထုတ်လုပ်နိုင်ရေးတို့ကို ဟန်ချက်ညီညီ ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117