Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ ဘမ်ယန်မြို့ရှိ ဈေးဝယ်စင်တာပေါက်ကွဲမှုများကြောင့် လူ ၁၇ ဦးသေဆုံး၊ ၅၀ ကျော် ဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံ အလယ်ပိုင်း ဘမ်ယန်ပြည်နယ် မြို့တော် ဘမ်ယန်ရှိ ဆေးရုံတစ်ခုတွင် ဆေးကုသမှုခံယူနေသည့် ဒဏ်ရာရသူများကို နိုဝင်ဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘမ်ယန်၊ အာဖဂန်နစ္စတန်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ဘာသာပြန် – ခေါန်ရိန် အာဖဂန်နစ္စတန်နိုင်ငံအလယ်ပိုင်း ဘမ်ယန်ပြည်နယ် မြို့တော် ဘမ်ယန်ရှိ ဈေးဝယ်စင်တာတစ်ခုတွင် နိုဝင်ဘာ ၂၄ ရက်က ပေါက်ကွဲမှုနှစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၇ ဦး သေဆုံးပြီး ၅၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက အတည်ပြုပြောကြားခဲ့သည်။

“နောက်ဆုံးရကိန်းဂဏန်းများအရ ယာဉ်ထိန်းရဲအရာရှိတစ်ဦး အပါအဝင် ၁၇ ဦးသေဆုံးကာ လူအယောက် ၅၀ ကျော် ဒဏ်ရရရှိခဲ့တယ်။ ဒဏ်ရာရသူအများအပြားမှာ စိုးရိမ်ဖွယ် အခြေအနေရှိတယ်” ဟု အမည်မဖော်လိုသူ ပြည်နယ်ဆိုင်ရာ ကျန်းမာရေးညွှန်ကြားရေးမှူးတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ သေဆုံးသူဦးရေမှာ မြင့်တက်လာဖွယ်ရှိကြောင်း အဆိုပါ တာဝန်ရှိသူက ဖြည့်စွက်ပြောခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုများသည် မြို့တော်ရှိ အဓိကလူစည်ကားရာဈေးဝယ်စင်တာတွင် ဒေသစံတော်ချိန် ညနေ ၄:၃၀ နာရီခန့်က မရှေးမနှောင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရ ပြောခွင့်ရသူ Latif Azimi က အစောပိုင်း၌ ဆင်ဟွာသို့ ပြောကြားခဲ့သည်။ ပေါက်ကွဲမှုသည် လက်လုပ်ဗုံးများကြောင့်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မသင်္ကာဖွယ်လူနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း တရားဝင်မဟုတ်သည့် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုများနှင့်ပတ်သက်၍ မည်သည့်အဖွဲ၏ လက်ချက်ဖြစ်ကြောင်း ပြောကြားထားခြင်းမရှိသေးပေ။

အာဖဂန်နစ္စတန်နိုင်ငံ၏ မြို့တော်ကဘူးလ်မှ အနောက်ဘက် ကီလိုမီတာ ၂၀၀ ခန့်အကွာ၊ ငြိမ်းချမ်းသော ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ ပေါက်ကွဲမှုမှာ ၎င်းတို့ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း တာလီဘန်စစ်သွေးကြွများက ငြင်းဆိုထားသည်။ အာဖဂန် အရပ်သားများသည် လက်နက်ကိုင် ပဋိပက္ခများဒဏ်ကို ဆက်လက်ခံစားနေရဆဲဖြစ်ပြီး တိုက်ခိုက်မှုများကြောင့် ယခုနှစ် ပထမကိုးလတာကာလအတွင်း အရပ်သား ၂,၁၁၀ ဦးကျော် သေဆုံးခဲ့ရပြီး ၃,၈၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂမစ်ရှင် (UNAMA) ၏ ကိန်းဂဏန်းများအရ သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117