Videos
ဆာဘီးယားနိုင်ငံ သမ္မတက တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူ (ရုပ်သံ)
ဘဲလ်ဂရိတ်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)
ဆာဘီးယားနိုင်ငံ သမ္မတ Aleksandar Vucic သည် ဧပြီ ၆ ရက်က နိုင်ငံ အရှေ့ပိုင်း Majdanpek မြို့တွင် တရုတ်နိုင်ငံ၏ Sinopharm COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ကြောင်း သိရသည်။
“ကျွန်တော် နေလို့အရမ်းကောင်းပါတယ်။ ထွေထွေထူးထူး ဘာမှမဖြစ်ပါဘူး” ဟု ကာကွယ်ဆေးထိုးနှံပြီးနောက် သမ္မတက ပြောခဲ့သည်။
တရုတ်နိုင်ငံသည် ဆာဘီးယားနိုင်ငံအား COVID-19 ကူးစက်ရောဂါတိုက်ဖျက်ရေး ကူညီရန် ကာကွယ်ဆေးများ ပံ့ပိုးပေးခဲ့ပြီး နောက်ဆုံးတင်ပို့မှုမှာ ဧပြီ ၅ ရက်က ဘယ်လ်ဂရိတ်မြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
လေဆိပ်တွင် Sinopharm ကာကွယ်ဆေးလက်ခံရယူခဲ့သော ဆာဘီးယားနိုင်ငံ ဝန်ကြီးချုပ် Ana Brnabic က နိုင်ငံအတွင်းရှိ အရွယ်ရောက်ပြီးသူ ၄၀ ရာခိုင်နှုန်းခန့်မှာ ဧပြီလကုန်ထက်နောက်မကျဘဲ ပထမဆုံးအကြိမ် ကာကွယ်ဆေးထိုးနှံနိုင်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။ဆာဘီးယားနိုင်ငံတွင် ဧပြီ ၅ ရက်အထိ စုစုပေါင်း COVID-19 အတည်ပြုလူနာ ၆၁၇,၆၆၉ ဦးနှင့် သေဆုံးသူ ၅,၄၅၈ ဦးရှိကြောင်း သိရသည်။ (Xinhua)