Environment, Disasters & Accidents
တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် မီးလောင်မှုကြောင့် လူခြောက်ဦးသေဆုံး
ဟဲဖေ၊ မတ် ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေ့ ပြည်နယ်တွင် မတ်လ ၂၈ ရက်က လူနေအဆောက်အအုံ တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့၍ လူခြောက်ဦး သေဆုံးခဲ့ကြောင်း ဒေသခံ အာဏာပိုင်များက မတ်လ ၂၉ ရက်က ပြောကြားခဲ့သည်။
ဖူရန်မြို့၊ ချန်းကွမ်မြို့နယ် တွင် ညနေ ၅ နာရီခန့်က လေးထပ် တိုက်တစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း မြို့နယ်၏ အများပြည်သူ ဆိုင်ရာ ဦးစီးဌာနက ထုတ်ပြန်ချက် တစ်ခုတွင် ပြောကြားခဲ့သည်။
မီးသတ်သမားများသည် လူခြောက်ဦးအား အဆောက်အအုံအတွင်းမှ ပြန်လည် ကယ်ထုတ် နိုင်ခဲ့သော်လည်း ပြင်းထန်သော ဒဏ်ရာများကြောင့် ဆေးရုံ၌ သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှု နှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် နှင့် ဒေသတစ်ဝန်းရှိ မီးဘေးအန္တရာယ် များအား စစ်ဆေးသွားရန် ပြည်နယ်အစိုးရက ညွှန်ကြားခဲ့ကြောင်း သိရသည်။ (Xinhua)