Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံတွင် သဘာဝ ဘေးအန္တရာယ်ကြောင့် နှစ်စဉ်လူပေါင်း ၁,၅ဝဝ ခန့်သေဆုံးနေ

၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ရှန်ဟိုင်း မြေပြိုမှု၌ အပျက်အစီးပုံများကို ဖယ်ရှား ရှင်းလင်းနေသော ကယ်ဆယ်ရေး လုပ်သားများအား တွေ့ရစဉ် (ဆင်ဟွာ )

ပေကျင်း ၊ မတ် ၂၅ ရက် ( ဆင်ဟွာ )

တရုတ်နိုင်ငံတွင် ၂၀၁၁ ခုနှစ် မှ ၂၀၁၅ ခုနှစ်အတွင်း နှစ်စဉ် သဘာဝ ဘေးအန ္တရာယ်ကြောင့် လူပေါင်း ၁,၅ဝဝ ကျော် သေဆုံး ( သို့မဟုတ်) ပျောက်ဆုံးနေရကြောင်း တရုတ်နိုင်ငံ ပြည်သူ့ရေးရာ ဝန်ကြီးဌာန က မတ်လ ၂၄ ရက်တွင် ထုတ်ဖော် ပြောဆိုသည်။

အဆိုပါ ကာလများအတွင်း နိုင်ငံတွင်းရှိ ပြည်သူ သန်းပေါင်း ၃၁ဝ သည် သဘာဝ ဘေးအန္တရာယ်ကို ကြုံတွေ့ခံစားခဲ့ရပြီး ယင်းအကျိုးဆက်ကြောင့် လူပေါင်း ၉ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသလို အိမ်ခြေပေါင်း ၇ဝဝ,ဝဝဝ ကျော်လည်း ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း ဝန်ကြီးဌာနက ဆိုသည်။

ပြီးခဲ့သော ၅ နှစ်တာ ကာလတွင် ကြုံတွေ့ခဲ့ရသည့် သဘာဝ ဘေးအန ္တရာယ်ကြောင့် တရုတ်နိုင်ငံ၏ နှစ်စဉ် စီးပွားရေးအရ ဆုံးရှှုံးမှု တန်ဖိုးမှာ ယွမ်ငွေ ၃၈ဝ ဘီလီယံ ( အမေရိကန် ဒေါ်လာ ၅၈.၃ ဘီလီယံ ) ရှိကြောင်း သိရသည်။
သို့သော် သဘာဝ ဘေးအန ္တရာယ်ကြောင့် ပြီးခဲ့သော ၅ နှစ်တာ ကာလအတွင်း နှစ်စဉ် လူပေါင်း ၁,၅ဝဝ ကျော် သေဆုံး ( သို့မဟုတ်) ပျောက်ဆုံးနေသည့် ပမာဏသည် ၂ဝဝ၆ ခုနှစ် မှ ၂ဝ၁ဝ ပြည့်နှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံး ပျောက်ဆုံးခဲ့ရသည့် လူဦးရေ ပမာဏထက် ၉၃ ရာခိုင်နှုန်းအထိ လျော့နည်းသွားကြောင်း တရုတ်နိုင်ငံ ပြည်သူ့ရေးရာဝန်ကြီးဌာန က ဆိုသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.