Connect with us

Africa & Middle East

ပျောက်ဆုံး လေယာဉ် အစိတ်အပိုင်းများ တွေ့ရှိသည် ဟူသောသတင်းအား အီဂျစ် လေကြောင်းလိုင်း ငြင်းပယ်၊ သတင်းဘာသာပြန်မှု မှားယွင်းခြင်း ဟုဆို

အီဂျစ် လေကြောင်း ဝန်ကြီး ရှာရစ်ဖ် ဖက်သီက မေလ ၁၉ ရက်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ကိုင်ရို၊ မေ ၂၀ ရက် (ဆင်ဟွာ)

ပျောက်ဆုံးနေသော အီဂျစ် လေကြောင်းလိုင်း၏ ခရီးစဉ်အမှတ် MS804 ၏ အစိတ်အပိုင်းများအား တွေ့ရှိသည် ဟူသော သတင်းမှာ အီဂျစ် လေကြောင်းလိုင်း၏ သတင်း ထုတ်ပြန်ချက်အား ဘာသာပြန် မှားယွင်းမှုကြောင့် ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းမှ သတင်းရင်းမြစ် တစ်ခုက ဆင်ဟွာသို့ သတင်းပေးခဲ့သည်။

အမည် မဖော်ပြထားသည့် အဆိုပါ သတင်းရင်းမြစ်အရ အီဂျစ် လေကြောင်းလိုင်း၏ တရားဝင် Facebook စာမျက်နှာ၌ ပျောက်ဆုံးသော လေယာဉ်၏ အစိတ်အပိုင်းများအား ရှာတွေ့ခြင်းမှာ ဖြစ်နိုင်ကြောင်း အာရေဗျ ဘာသာဖြင့် ဖော်ပြထားချက်အား အင်္ဂလိပ်လို ဘာသာပြန်ရာတွင် မှားယွင်းခဲ့ခြင်းဟု သိရသည်။

အာရေဗျ ဘာသာစကားဖြင့် ဖြစ်နိုင်ခြေ ရှိသည်ဟုသာ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရင်းမြစ်က ဆိုသည်။

မေလ ၁၉ ရက် အစောပိုင်းက ပျောက်ဆုံးနေသည့် လေယာဉ် အစိတ်အပိုင်းများအား ဂရိနိုင်ငံရှိ ကာပသို့စ် (Karpathos) ကျွန်းအနီး တွေ့ရှိခဲ့ကြောင်း အီဂျစ် မြို့ပြ လေကြောင်း ဝန်ကြီးဋ္ဌာနက အတည်ပြုထားကြောင်း အီဂျစ် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ပြောသည်။

သို့သော်လည်း ရှာဖွေရေး လုပ်ငန်းစဉ်အတွင်း တွေ့ရှိခဲ့သည့် အစိတ်အပိုင်းမှာ အီဂျစ်လေယာဉ်မှ မဟုတ်ကြောင်း ဂရိအရာရှိ တစ်ဦးက ခဏအတွင်း ပြန်လည် ငြင်းဆို လိုက်သည်။

အမေရိကန် ပြည်ထဲရေး ဝန်ကြီးဋ္ဌာန လုံခြုံရေး ကော်မတီ ဥက္ကဋ္ဌ မိုက်ကယ် မက်ကော်လ်က ယင်းလေယာဉ် ပျောက်ဆုံးသွားခြင်းမှာ ဗုံးဖောက်ခွဲမှုကြောင့် ပျက်ကျခြင်း ဖြစ်နိုင်ကြောင်း၊ အကြမ်းဖက် အဖွဲ့များနှင့် ဆက်စပ် လျက် ရှိနိုင်ကြောင်းနှင့် လေယာဉ် Black Box မတွေ့ရှိသေးမီ အချိန်အထိ ပျောက်ဆုံးရခြင်း အကြောင်းရင်း အား ရှင်းရှင်းလင်းလင်း သိရမည် မဟုတ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

ပျောက်ဆုံးသွားသည့် အီဂျစ်လေယာဉ် Airbus 320 သည် ပဲရစ်မှ ကိုင်ရိုသို့ ပျံသန်းလာစဉ် မေလ ၁၈ ရက် ဒေသ စံတော်ချိန် နံနက် ၂း၄၅ နာရီ၌ ရေဒါ ဖမ်းယူမှု စနစ်မှ ပျောက်ဆုံးသွားခဲ့ကြောင်း၊ အဆိုပါ လေယာဉ်ပေါ်၌ အီဂျစ် ၃၀ ဦး၊ ပြင်သစ် ၁၅ ဦး၊ အီရတ် ၂ ဦးနှင့် အယ်ဂျီးရီးယား၊ ဘယ်လ်ဂျီယံ၊ ပေါ်တူဂီ၊ ဗြိတိန်၊ ကနေဒါ၊ ချစ်ဒ်၊ ကူဝိတ်၊ ဆော်ဒီအာရေဗျနှင့် ဆူဒန်နိုင်ငံမှ တစ်ဦးစီ ပါဝင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117