Connect with us

Africa & Middle East

ပျောက်ဆုံးနေသည့် အီဂျစ်လေယာဉ်၏ အစိတ်အပိုင်းများ အလက်ဇန်းဒရီးယားမြို့အနီး ပင်လယ်အတွင်း၌ တွေ့ရှိ

ပျောက်ဆုံးသွားသော လေယာဉ်ပေါ်၌ လိုက်ပါသွားသည့် ခရီးသည်များ၏ ဆွေမျိုးများအား တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ မေ ၂၀ ရက် (ဆင်ဟွာ)

ပျောက်ဆုံးနေသည့် အီဂျစ်လေယာဉ်၏ အစိတ်အပိုင်းများအား အီဂျစ်နိုင်ငံ မြေထဲပင်လယ် ဆိပ်ကမ်းမြို့ ဖြစ်သော အလက်ဇန်းဒရီးယား (Alexandria) မြောက်ဘက် ကီလိုမီတာ ၂၉၀ အကွာ၌ တွေ့ရှိခဲ့ကြောင်း အီဂျစ် စစ်တပ်က မေလ ၂၀ ရက် ထုတ်ပြန်ချက်၌ ပြောကြားလိုက်သည်။

“ပျက်စီးသွားတဲ့ လေယာဉ် အစိတ်အပိုင်းတွေနဲ့ ခရီးသည်တွေရဲ့ ပစ္စည်းတချို့ကို အီဂျစ် စစ်လေယာဉ်နဲ့ ရေတပ် သင်္ဘောတွေက တွေ့ရှိခဲ့တယ်” ဟု စစ်တပ်၏ ပြောရေး ဆိုခွင့်ရှိသူ မိုဟာမက် ဆမားက ၎င်း၏ Facebook စာမျက်နှာ၌ ရေးသားထားသည့် ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

ပင်လယ်ပြင်၌ ပိုက်စိပ်တိုက် ရှာဖွေခြင်းနှင့် ပျက်စီး အစိတ်အပိုင်းများအား ရှာဖွေခြင်း လုပ်ငန်းများအား လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

လေယာဉ် ရှာဖွေရေး လုပ်ငန်းများအား အီဂျစ်၊ ဂရိနှင့် ပြင်သစ် နိုင်ငံတို့က ပါဝင် ဆောင်ရွက်နေကြောင်း အီဂျစ် မြို့ပြ လေကြောင်း ဝန်ကြီးဋ္ဌာနက ဆိုသည်။

အီဂျစ် လေယာဉ် Airbus 320 သည် မေလ ၁၉ ရက်က ပဲရစ်မှ ကိုင်ရိုသို့ အသွား ဒေသ စံတော်ချိန် နံနက် ၂း၄၅ နာရီ၌ ရေဒါစနစ်မှ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။ ယင်းလေယာဉ်ပေါ်၌ အီဂျစ်လူမျိုး ၃၀ ဦးနှင့် ပြင်သစ် လူမျိုး ၁၅ ဦး အပါအဝင် လူပေါင်း ၆၆ ဦး ပါဝင်သွားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.