Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် ပန်ဒါရိုင်း ဦးရေ တိုးပွားလာ

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်ရှိ ပန်ဒါရိုင်းများ အားတွေ့ရစဉ် (ဆင်ဟွာ)

ချန်ဒူး၊ မေ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ရှိ ပန်ဒါကြီးမျိုး အရေအတွက်သည် လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခု အတွင်း တိုးပွားလာခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ သစ်တောဦးစီးဋ္ဌာန က မေလ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်းများ အရ သိရှိရသည်။

ယခုလက်ရှိတွင် ပန်ဒါကြီးမျိုး အရေအတွက် သည် ၁,၃၈၇ ကောင် ရှိသည်ဖြစ်ရာ လွန်ခဲ့သည့် ဆယ်နှစ်တာ ကာလနှင့် နှိုင်းယှဉ်ကြည့်ပါက ၁၅ ရာခိုင်နှုန်း တိုးတက်လာကြောင်းနှင့် အဆိုပါ အရေအတွက်သည် တစ်နိုင်ငံလုံးရှိ ပန်ဒါရိုင်း အရေအတွက် စုစုပေါင်း၏ ၇၄.၄ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
ပန်ဒါများသည် စီရင်စု ၃၇ ခု တစ်လျောက် ပြန့်နှံ့ နေထိုင်ကြပြီး ဧရိယာအား ဖြင့် ဟက်တာ ၂ သန်းကျော် အကျယ်အဝန်း အတွင်း ကျက်စား နေထိုင်လျက် ရှိကြောင်း သိရသည်။
စီချွမ်ပြည်နယ်တွင် ဖမ်းဆီး ထိန်းသိမ်းပေးထားသော ပန်ဒါအရေအတွက် ၃၆၄ ကောင်ရှိပြီး တစ်နိုင်ငံလုံးတွင် ထိန်းသိမ်းပေးထားသော ပန်ဒါ အရေအတွက် ၏ ၈၆.၃ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
၂၀၁၅ ခုနှစ် အကုန်တွင် ပြည်နယ် အတွင်း၌ ပန်ဒါကြီးမျိုးများ အတွက် သဘာဝဘေးမဲ့တော ၄၆ ခု ထားရှိပေးခဲ့သည်။
သစ်တောဦးစီးဋ္ဌာန အင်ဂျင်နီယာချုပ် Luo Jianguo က ပန်ဒါကြီးမျိုးများ အတွက် နောင်လာမည့် ငါးနှစ် အတွင်း သဘာဝ ဘေးမဲ့တောများနှင့် ပန်းခြံများကို ထပ်မံ တိုးချဲ့ ထားရှိပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.