Connect with us

Social

မဟာမဲခေါင်ဒေသခွဲ၏ အရှေ့-အနောက် စီးပွားရေးစြင်္ကံလမ်း ဖြစ်သည့် အိန္ဒု-ကော့ကရိတ်လမ်းပိုင်း အဆင့် မြှင့်တင်မည်

အိန္ဒု-ကော့ကရိတ် လမ်းပိုင်းအား တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ မေ ၃၀ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ်အတွင်း မဟာမဲခေါင်ဒေသခွဲ၏ အရှေ့-အနောက် စီးပွားရေးစြင်္ကံလမ်း အဖြစ် ၄၁.၂၅ မိုင်ခန့်ရှိသော အိန္ဒု-ကော့ကရိတ်လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းကို ယခု ၂၀၁၆ ခုနှစ် စက်တင်ဘာလမှ စ၍ ၃ နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၁၂၁.၈ သန်း လျာထားကုန်ကျ၍ ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကရင်ပြည်နယ် အစိုးရ အဖွဲ့မှ သိရသည်။

အိန္ဒု-ကော့ကရိတ်လမ်းပိုင်းကို အာဆီယံ စံချိန် စံနှုန်းအဆင့် (၂) နှင့် အညီ ယာဉ်အမျိုးမျိုး အတွက် သင့်လျော်သော လမ်းအကျယ် ၅. ၅ မီတာရှိ နှစ်လမ်းသွားလမ်းမကြီးကို အဆင့်မြှင့်တင်ဆောင်ရွက်ရန် ယခုအခါ အကြိုလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
လမ်းအပိုင်းအဆင့်မြှင့်တင် ခြင်းသည် အာရှဖွံ့ဖြိုးရေး ရန်ပုံငွေ ချေးငွေ အမေရိကန်ဒေါ်လာသန်း ၁ဝဝ ၊ အာဆီယံ အခြေခံ အဆောက်အအုံ ရန်ပုံ ငွေ ချေးငွေအမေရိကန်ဒေါ်လာ သန်း ၂ဝ၊ နိုင်ငံတော် အစိုးရမှ အမေရိကန် ဒေါ်လာ ၁.၈ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၂၁. ၈ သန်း လျာထား ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
အိန္ဒု-ကော့ကရိတ် လမ်းအပိုင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းတွင် မြို့ရွာများအပြင်ဘက်၌ ၁ နာရီလျှင် ၈ဝ ကီလိုမီတာ နှုန်းဖြင့် မောင်းနှင်နိုင်မည်ဖြစ်ပြီး ကျားကလေးနှင့် ဂျိုင်း ကြား ၁၈ ကီလိုမီတာ လမ်းအပိုင်း တာပေါင်မြှင့်တင်ခြင်း ၊ အိန္ဒု၊ ကော့ကဒါ၊ သာယာကုန်း၊ ကျုံဒိုးတို့တွင် လမ်းဆုံ များကို အဆင့်မြှင့်တင် တည်ဆောက် ခြင်း၊ လမ်းကိုအ္တရာယ်ကင်းစွာ အသုံးပြု နိုင်ရန် တိုးချဲ့ခြင်း၊ ကုန်တင်ယာဉ်များနှင့် လူစီးကားများအပြင် မော်တော်ဆိုင်ကယ် များသွားရန် သီးသန့်တည်ဆောက် ခြင်း၊ ကျုံဒိုးဆိပ်ကမ်းပတ်လမ်း တည် ဆောက်ခြင်း၊ လမ်းပခုံး တည်ဆောက်ခြင်း ၊ ယင်းလမ်းပေါ်ရှိ ဂျိုင်း (ကော့ကရိတ်တံတား) အား ဂျိုင်းတံတား တည်ဆောက်ခြင်း များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.