Connect with us

Africa & Middle East

ပဲရစ်တွင် ပထမဆုံး ဒုက္ခသည်စခန်း ပြင်သစ် တည်ဆောက်

ပဲရစ်မြို့ မြောက်ဘက်ရှိ Saint Quen ဘုရားကျောင်းအနီး ဆီးရီးယား ဒုက္ခသည်မိသားစု အားတွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ ဇွန် ၁ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ မြို့တော် ပဲရစ်၌ ပထမဆုံး ဒုက္ခသည်စခန်း တစ်ခု တည်ဆောက်မည့် အစီအစဉ်အား ပဲရစ် မြို့ တော်ဝန် အန်းဟီဒဲလ်ဂို (Anne Hidalgo) က မေလ ၃၁ ရက်က ကြေညာခဲ့ပြီး မွေးရပ်မြေ အသီးသီးမှ စစ်ဘေး သို့မဟုတ် ဆင်းရဲမွဲတေမှုများကြောင့် ရွှေ့ပြောင်းလာသည့် လူ ရာပေါင်းများစွာအား ကြိုဆိုကြောင်း ပြောကြား လိုက်သည်။

လူသားချင်းစာနာထောက်ထားမှု ကျန်းမာရေး အခြေအနေများကို ရေရှည်ထောက်ပံ့ပေးနိုင်မည် မဟုတ် ကြောင်းနှင့် ၎င်းတို့ နောက်တဆင့်ကို ရွှေ့ပြောင်းနိုင်ဖို့အထိတော့ ထောက်ပံ့ပေးနိုင်မည် ဖြစ်ကြောင်း ထုတ်ပြန် ချက်၌ မြို့တော်ဝန်က ပြောကြားထားသည်။
မြို့တော်ဆိုင်ရာ အစိုးရ ဋ္ဌာနသည် ပြင်သစ်နိုင်ငံ မြောက်ပိုင်းရှိ Grand-Synthe စခန်းကဲ့သို့ အခန်းငယ်ပုံများ ဖြင့် အခြေခံ တည်ဆောက်ထားသော စခန်းတစ်ခုအား ပဲရစ်မြို့ မြောက်ဘက်၌ တည်ဆောက်ရန် မျှော်မှန်း ထားကြောင်း မြို့တော်ဝန်က ပြောသည်။
ပြည်တွင်းစစ်များနှင့် ဆင်းရဲမွဲတေမှုများခံစားနေရသည့် အာဖရိကနှင့် မြေထဲပင်လယ်ဒေသမှ ထောင်ပေါင်းများ စွာသော ရွှေ့ပြောင်းသွားလာသူများကြောင့် ဥရောပတိုက်အတွင်း မကြုံစဖူး နေရပ်စွန့်ခွာ ရွှေ့ပြောင်းခြင်း အရေးအခင်းတစ်ခု အဖြစ် ဦးတည်လာခဲ့သည်။
ပြင်သစ်နိုင်ငံ Calais မြို့တွင် ရွှေ့ပြောင်းသွားလာသူအချို့ကလည်း ပိုမိုကောင်းမွန်သည့် လူနေမှုဘဝ မျှော်မှန်း ကာ ထရပ်ကားများနှင့် ရထားများဖြင့် ဗြိတိန်နိုင်ငံသို့ ဝင်ရောက်ရန် ကြိုးစားကြကြောင်း သိရသည်။
ပြင်သစ်နိုင်ငံသည် လာမည့် နှစ်နှစ်တာအတွက် ဒုက္ခသည် ၃၀,၀၀၀ လက်ခံရန် ကတိပြုထားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.