Connect with us

Africa & Middle East

ဆိုမာလီတွင် ဟိုတယ်တစ်ခု တိုက်ခိုက်ခံရ၍ ၁၀ ဦးသေ၊ ၂၅ ဦး ဒဏ်ရာရရှိ

အသေခံ ကားဗုံးဖောက်ခွဲခဲ့သည့် ဟိုတယ်ဂိတ်ပေါက်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆိုမာလီ၊ ဇွန် ၂ ရက် (ဆင်ဟွာ)

ဆိုမာလီနိုင်ငံ မြို့တော် Mogadishu ရှိ ဟော်တယ်တစ်ခု အား ဇွန်လ ၁ ရက် က အယ်လ်ရှာဘတ် စစ်သွေးကြွများ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

Ambassador ဟိုတယ် ဂိတ်ပေါက်အား စစ်သွေးကြွများက အသေခံ ကားဗုံးဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ဟော်တယ်အတွင်းသို့ သေနတ်သမားများ ဝင်ရောက် လာခဲ့ကြောင်း သိရသည်။
ရဲအရာရှိ မိုဟာမက် ဖာရာ့ဟ် က စစ်သွေးကြွများ၏ တိုက်ခိုက်မှု ကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ကာ ၂၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။
မျက်မြင်သက်သေများက ၎င်းတို့သည် ကျယ်လောင်သည့် ပေါက်ကွဲသံကြီး တစ်ခုကို ကြားပြီးနောက် ဟိုတယ်အတွင်းမှ စက်သေနတ် ပစ်သံများကို ထပ်မံ ကြားခဲ့ရကြောင်း ပြောကြားခဲ့သည်။
ဒေသခံပြည်သူများကလည်း အစိုးရ တပ်ဖွဲ့ဝင်များသည် ဟော်တယ်အတွင်းရှိ ဓါးစားခံများကို ကယ်ဆယ်ရန် ကြိုးပမ်းခဲ့ကြောင်း ပြောသည်။
အဆိုပါ တိုက်ခိုက်မှုအား အယ်လ်ရှာဘတ် စစ်သွေးကြွများက ပြုလုပ်ခဲ့ကြောင်း ယင်းအဖွဲ့ ထုတ်ပြန်ခဲ့သည်။
လူစည်ကားသည့် Makka Al-mukarram လမ်းရှိ Ambassador ဟိုတယ်တွင် အစိုးရ အရာရှိများ မကြာခဏ တည်းခိုလေ့ရှိကြောင်း သိရသည်။
အယ်လ်ရှာဘတ် စစ်သွေးကြွအုပ်စုသည် ဆိုမာလီ အစိုးရနှင့် နှစ်ပေါင်းများစွာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နိုင်ငံအတွင်း အကြမ်းဖက်မှု များစွာကို လည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.