Connect with us

Local

ကျောက်မျက် ရတနာပြပွဲတွင် ကျောက်စိမ်း အတွဲပေါင်း ၈၉၄၃ တွဲ ရောင်းချသွားမည် ဟုဆို

နေပြည်တော်တွင် ကျင်းပသောကျောက်စိမ်းအရောင်းပြပွဲအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

ဇွန်လ ၂၄ ရက်နေ့တွင် ကျင်းပမည့် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲတွင် ကျောက်စိမ်း အတွဲပေါင်း ၈၉၄၃ တွဲ ရောင်းချသွားမည်ဟု မြန်မာ့ ကျောက်မျက် ရတနာလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဇွန်လ ၁၆ ရက်နေ့တွင် ဆင်ဟွာကို ပြောကြားသည်။

မြန်မာ့ ကျောက်မျက် ရတနာလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက “ ဈေးပြိုင် စနစ်နဲ့ တင်ဒါ စနစ်ဆိုပြီး နှစ်မျိုး ရောင်းမှာ။ တင်ဒါ မှာဆိုရင် အချောထည်အတွဲ ၁၀၀၀၊ အရိုင်းထည် အတွဲ ၄၀၀၀ အပါအဝင် တင်ဒါ စနစ်မှာ စုစုပေါင်း ၈၆၀၈ တွဲ ရောင်းမယ်” ဟုပြောသည်။ဈေးပြိုင်စနစ်နှင့် ကျောက်စိမ်း အတွဲပေါင်း ၃၃၅ တွဲ ရောင်းချမှာ ဖြစ်ပြီး ကြမ်းခင်းဈေး ယူရို ၄,၀၀၀ မှ ယူရို ၂၀၀,၀၀၁ နှင့် အထက် ရှိကြောင်းဆိုသည်။

တင်ဒါ စနစ်နှင့် ဈေးပြိုင ်စနစ် နှစ်မျိုးပေါင်းတွင် ကျောက်စိမ်း အတွဲပေါင်း ၈၉၄၃ တွဲရှိပြီး ၊ ကျောက်မျက်ပွဲသို့ လာရောက်ကြမည့် ကုန်သည်များ အနေဖြင့် စီမံရေးရာ လုပ်ငန်း ကော်မတီတွင် မှတ်ပုံတင်နေဆဲ ဖြစ်ကြောင်း သိရသည်။

အဆိုပါ (၅၂) ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာပြပွဲကို ၂၀၁၅ ခုနှစ် ဇွန်လ ၂၄ ရက်မှ ဇူလိုင်လ ၆ ရက်အထိ နေပြည်တော် မဏိရတနာ ကျောက်စိမ်း ခန်းမတွင် ကျင်းပမည် ဖြစ်သည်။အဆိုပါ ပြပွဲ၌ ကျောက်မျက် အတွဲများကို ဇွန်လ ၂၄ ရက်မှ ၂၇ ရက်အထိ ရောင်းချမည်ဖြစ်ပြီး ကျောက်စိမ်း အတွဲများကို ဇွန်လ ၂၄ ရက်မှ ဇူလိုင်လ ၆ ရက်အထိ ရောင်းချသွားမည် ဖြစ်သည်။

၎င်းကပဲ “ အရင်နဲ့ ယှဉ်ရင်တော့ ကျောက်မျက် အတွဲတွေက နည်းသွားတယ်။ အရင်က အတွဲပေါင်း ၂၀,၀၀၀ ကျော်လောက်ရောင်းတာ။ အခုက အတွဲပေါင်း ၈၉၄၃ တွဲဆိုတော့ ရောင်းအားနည်းသွားတယ်။ ဘာလို့ လျှော့ရောင်းရလဲ ဆိုတော့ သံယံဇာတတွေ ကို ဖြည်းဖြည်းချင်းပဲ ထုတ်ရောင်းဖို့ ဆုံးဖြတ်ထားလို့ပါ’’ ဟုပြောသည်။

ရောင်းရမှု၊ တန်ဖိုးများ နှင့် ပတ်သက်၍ သတင်း အချက်အလက်များ ထုတ်ပြန်ပေးရန် အတွက် ကျောက်စိမ်း ပြပွဲကော်မတီ တစ်ခုကို ဖွင့်လှစ်သွားရန် ရှိကြောင်း လည်း ၎င်းကဆိုသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117