Connect with us

Local

ဗဟိုဘဏ်မှ စက်သုံးဆီ၊ စားသုံးဆီနှင့် ဘိလပ်မြေ တင်သွင်းသူများအတွက် ဒေါ်လာရောင်းပေးမည်

အေမရိကန္ေဒၚလာမ်ား (ဆင္ဟြာ)

ရန်ကုန်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က စက်သုံးဆီ၊ စားသုံးဆီနှင့် ဘိလပ်မြေ တင်သွင်းသူများ အတွက် လိုအပ်သည့် အမေရိကန် ဒေါ်လာ များကို သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း သွင်းကုန် လုပ်ငန်းရှင်များထံမှ သိရသည်။

နေပြည်တော်တွင် ဇွန်လ ၁၆ ရက်နေ့က သွင်းကုန် လုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူများ တွေ့ဆုံစဉ် အဆိုပါ သွင်းကုန်သုံးမျိုးကို ဗဟိုဘဏ် သတ်မှတ် နှုန်းထားဖြင့် အမေရိကန် ဒေါ်လာများကို ရောင်းချပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။အဆိုပါ သွင်းကုန် သုံးမျိုးသည် သွင်းကုန် Import ပြုလုပ်ရာတွင် ငွေပမာဏ အများဆုံးဖြစ် သောကြောင့် အမေရိကန် ဒေါ်လာများကို ပုဂ္ဂလိက ဘဏ်များမှ တစ်ဆင့် ဗဟိုဘဏ် သတ်မှတ်ဈေးဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ဒေါ်လာ ရောင်းချပေးရာတွင် အမှန်တကယ် တင်သွင်းသူ ဟုတ်၊ မဟုတ် စိစစ် ရောင်းချမည် ဖြစ်သည်။

ဗဟိုဘဏ်မှ သွင်းကုန် Import များသော စက်သုံးဆီ၊ စားသုံးဆီနှင့် ဘိလပ်မြေများ တင်သွင်းသူများကို ဒေါ်လာ ရောင်းချပေးခြင်သည် ဈေးကွက်အတွင်း ဒေါ်လာ ဝယ်လိုအား နှင့် ရောင်းလိုအား မျှတနိုင်သည့်အပြင် ငွေကြေး လဲလှယ်နှုန်းကို တည်ငြိမ် လာစေနိုင်ကြောင်း သွင်းကုန် လုပ်ငန်းရှင်များထံမှ သိရသည်။

အမေရိကန် ဒေါ်လာနှင့် မြန်မာ ကျပ်ငွေ လဲလှယ်နှုန်းသည် ဇွန်လအတွင်း တစ်ဒေါ်လာလျှင် မြန်မာငွေ ကျပ် ၁,၃၀၀ ကျပ်အထိ ထိုးတက်ခဲ့သည်။ (Xinhua)