Connect with us

Local

ဒေါ်လာနှင့် ရွှေဈေး ကျဈေးနှင့်ဖွင့်၊ ကျရိပ် ပြန်သန်း

အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

ဇွန်လ ၁၀ ရက်နေ့တွင် အမေရိကန် ဒေါ်လာ တစ်ဒေါ်လာ ကျပ် ၁,၃၀၀ ၊ ရွှေတစ်ကျပ်သား ကျပ် ၈၀၀,၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့ချိန်၊ ဈေးကွက်တွင် အရောင်းအဝယ်များ ရပ်လိုက်ကြပြီးနောက် ဈေးများ ပြန်ကျခဲ့ကာ ယနေ့ နံနက် ဒေါ်လာနှင့် ရွှေပေါက်ဈေး များကို ကျဈေးနှင့် ပြန်ဖွင့်၍ တက်ရိပ် သိပ်မရှိတော့ကြောင်း ဒေါ်လာနှင့် ရွှေဈေးကွက်မှ ကျွမ်းကျင်သူချို့က သုံးသပ်သည်။

ယနေ့ နေ့လည် ၁၂ း၄၅ တွင် တစ်ဒေါ်လာကို ကျပ် ၁၂၂၀ ပေါက်ပြီး ၊ နေ့လည် ၁ နာရီကျော်တွင် ရွှေ တစ်ကျပ်သားကို ကျပ် ၇၅၅,၀၀၀ ဖြင့်ဈေးဖွင့်ခဲ့သည်။ဒေါ်လာ ကျွမ်းကျင်သူ ဦးစန်းဝင်းက “ မနေ့က ဒေါ်လာဈေး နဲ့ ရွှေဈေးတွေ အရမ်းတက်သွားတာက ဈေးကွက်မှာ ကစားတဲ့သူတွေ ကြောင့် ဖြစ်သွားတာပါ။ ဒေါ်လာဈေး ဆက်တိုက် တက်ရတဲ့ အဓိက အကြောင်းအရင်းကတော့ သွင်းကုန် များပြီး၊ ပို့ကုန် နည်းတာ၊ ငွေကြေးဖောင်းပွတာ၊ ဘတ်ဂျက် လိုငွေပြတာ၊ အိမ်ခြံမြေ ဈေးအေးသွားလို့ ရွှေနဲ့ ငွေဘက်ကို လှည့်ကစားကြတဲ့အတွက် ဈေးတက်သွားရတာ” ဟုပြောသည်။

ဇွန်လ ၁၀ ရက်နေ့တွင် ရွှေရော၊ ဒေါ်လာပါ စံချိန်တင် မြင့်တက်ခဲ့ပြီး လာရောင်းတဲ့သူ များသည့်အတွက် အဝယ် ပိတ်လိုက်ခြင်း၊ ရွှေပိဿာချီပြီး ရောင်းသူရှိလာခြင်းတို့ကြောင့် ရွှေဈေး နာရီဝက်အတွင်း ပြန်ပြုတ်ကျ ခဲ့သည့် အတွက် ဒေါ်လာဈေးလည်း ပြန်ကျခဲ့ခြင်း ဖြစ်ကြောင်း ရွှေဆိုင်ပိုင်ရှင် တစ်ဦးကဆိုသည်။

ရွှေဆိုင်တစ်ဆိုင်ရှိ လက်ဝတ်ရတနာများ (ဆင်ဟွာ)

ဦးစန်းဝင်းက “ တက်ရိပ်ကတော့ သိပ်မမြင်မိတော့ဘူး။ အခုဈေးတွေက အစွမ်းကုန်ပဲ ။ဒေါ်လာဆိုရင် တစ်ဒေါ်လာ ကို ကျပ် ၁၂၀၀ ဝန်းကျင်မှာ ပဲ ရှိနိုင်တယ်။ ကျပ် ၁၂၀၀ အထက်တော့ မတက်နိုင်ဘူး။ တက်ရင် ပြည်သူတွေလည်း ကုန်ဈေးနှုန်း ဒဏ်ခံနိုင်မှာ မဟုတ်ဘူး” ဟုပြောသည်။
ရွှေဈေးက တစ်ကျပ်သားကို ကျပ် ၇၅၀,၀၀၀ ဝန်းကျင်မှာပဲ အတက်အကျ ရှိနိုင်ကြောင်း၊ ကျပ် ၈၀၀,၀၀၀ လောက် အထိတက်ဖို့ မဖြစ်နိုင်ကြောင်း လသာရှိ ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်ကဆိုသည်။

ရွှေဈေးများ ဆက်တိုက် မြင့်တက် ခဲ့ပြီးနောက် ဒေါ်လာဈေးနှုန်း မြင့်တက်လာမှု ၊ မြန်မာ ကျပ်ငွေဈေးနှုန်း ကျဆင်းလာမှု နှင့်ပက်သက်၍ ဇွန်လ ၁၀ ရက်နေ့ နေ့လည် ၃ နာရီတွင် ဇဗ္ဗူသီရိဆောင် အစည်းအဝေး ခန်းမ၌ လွှတ်တော်ရေးရာ ကော်မတီများနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ ဆွေးနွေး အဖြေရှာခဲ့ကြောင်း သူရ ဦးရွှေမန်းက ၎င်း၏ Facebook စာမျက်နှာတွင် ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.