Connect with us

Asia

တောင်ကိုရီးယား သမ္မတ ဟောင်း၏ ဇနီး မြောက်ကိုရီးယားသို့ ဇူလိုင်လတွင် အလည် အပတ် သွားရောက်မည်

တောင်ကိုရီးယား သမ္မတ ဟောင်းကတော် Lee Hee-ho ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အတွင်းက မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်း ကင်ဂျုံအီ၏ ဈာပန အခမ်းအနား တက်ရောက်ရန် တောင်ကိုရီးယားမှ ထွက်ခွာစဉ် (ဆင်ဟွာ)

ဆိုးလ် ၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

တောင်ကိုရီးယား (ROK) သမ္မတ ဟောင်း Kim Dae-jung ၏ ဇနီးသည် လာမည့် ဇူလိုင်လတွင် မြောက်ကိုရီးယား (DPRK) နိုင်ငံသို့ အလည်အပတ် သွားရောက်မည် ဖြစ်ပြီး မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းနှင့် တွေ့ဆုံဖွယ် ရှိကြောင်း သိရသည်။

တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာန (Unification Ministry) မှ ပြောရေးဆိုခွင့် ရှိသူ Lim Byeong-cheol က သမ္မတ ကတော် Lee Hee-ho ၏ မြောက်ကိုရီးယား ခရီးစဉ် အစီအစဉ်များအတွက် Kim Dae-Jung ငြိမ်းချမ်းရေး စင်တာမှ အရာရှိများ ကေဆောင်းတွင် သွားရောက်ဆွေးနွေးရန် တင်ပြခဲ့ကြောင်း ဇွန်လ ၂၆ ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

သမ္မတ ကတော် လီ၏ ခရီးစဉ် နှင့်ပတ်သက်ပြီး လာမည့် ဇွန်လ ၃၀ ရက်တွင် နယ်စပ်မြို့ ကေဆောင်း၌ ဆွေးနွေးရန် မြောက်ကိုရီးယားက အဆိုပြုထားကြောင်း တောင်ကိုရီးယား မီဒီယာ Yonhap သတင်းဌာန က ဖော်ပြသည်။လီတို့ ဘက်က ခရီးစဉ် အတွက် တွေ့ဆုံ ဆွေးနွေးရန် ကမ်းလှမ်းခဲ့ပြီး မြောက်ကိုရီးယား ဘက်မှ အကြောင်းပြန် ခဲ့ခြင်းဖြစ်သည်။ ဆိုးလ်မှ လီ၏ ခရီးစဉ်ကို ခွင့်ပြုပါက လီ တို့ဘက်က ၅ ဦးနှင့် မြောက်ကိုရီးယား ဘက် က ၅ ဦး တို့ ခရီးစဉ်အတွက် တွေ့ဆုံ ဆွေးနွေး ကြမည် ဖြစ်သည်။
လီ ၏ ခရီးစဉ် သည် ပုဂ္ဂလိက ကဏ္ဍ ဖလှယ်ရေး အတွက် သွားရောက် လိမ့်မည် ဖြစ်ကြောင်း Lim က ပြောကြားသည်။ တောင်ကိုရီးယား အစိုးရသည် ပုဂ္ဂလိက ကဏ္ဍ ဖလှယ်ရေး ကိစ္စများ၊ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများနှင့် ကိုရီးယား ၂ နိုင်ငံ အကြား ပုဂ္ဂလိက ကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရန် အားပေးလျှက် ရှိသည်။

သမ္မတ ကတော်လီ၏ မြောက်ကိုရီးယား ခရီးစဉ်သည် ဇူလိုင်လ သို့မဟုတ် သြဂုတ်လ ၁၅ ရက်ထက် နောက်မကျဘဲ သွားရောက်မည် ဖြစ်ကြောင်း ဆိုသည်။သမ္မတကတော်လီသည် ယခင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီ၏ ၃ နှစ်မြောက် ဈာပန အတွက် ဝမ်းနည်းကြောင်း ပန်းစည်း ပေးပို့သည့် အတွက် လက်ရှိ ခေါင်းဆောင် ကင်ဂျုံအန်းမှ သူမအား ၂၀၁၅ ခုနှစ်တွင် သင့်တော်သည့် အချိန်၌ ပြုံယမ်းသို့ လာရောက်ရန် ဖိတ်ခေါ် ထားခြင်း ဖြစ်သည်။

၂၀၀၀ ခုနှစ်တွင် သမ္မတ Kim Dae-jung ၏ ပြုံယမ်း ခရီးစဉ်တွင် သမ္မတကတော် လီ အတူတကွ လိုက်ပါခဲ့ပြီး တောင်ကိုရီးယား သမ္မတကင်သည် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီနှင့် ပထမဆုံး အကြိမ် ကိုရီးယား ၂ နိုင်ငံ အကြား ဆွေးနွေးမှု ပြုလုပ် ခဲ့သည်။
သမ္မတကတော် လီ၏ ခရီးစဉ်တွင် ကိုရီးယား ကျွန်းဆွယ် အရေးတင်းမာမှု လျော့ကျရန် မျှော်လင့်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117