Connect with us

Europe

ဓားစာခံအဖြစ် အဖမ်းခံထားရသော တူရကီထိပ်တန်း တပ်မှူးသုံးဦး အား ကယ်တင်နိုင်ခဲ့

တူရကီစစ်တပ်အာဏာသိမ်းမှု မအောင်မမြင်ဖြစ်ခဲ့ရအပြီးတွင် ပြည်သူများ အောင်ပွဲခံနေကြစဉ် (ဓာတ်ပုံ-ဆင်ဟွာ)

အန်ကာရာ ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ)

တူရကီနိုင်ငံ၌ အာဏာသိမ်းရန်ကြိုးပမ်းခဲ့သော Gulenist အတိုက်အခံအဖွဲ့၏ ဖမ်းဆီးခြင်းခံထားရသည့် တူရကီထိပ်တန်း တပ်မှူး ၃ ဦးအား ဓားစာခံအဖြစ် မှ ပြန်လည်ကယ်တင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း တူရကီနိုင်ငံကာကွယ်ရေးဝန်ကြီး Fikri Isik က ဇူလိုင် ၁၆ ရက် ညပိုင်းတွင်ကြေညာခဲ့သည်။

“ Akinici အခြေစိုက်စခန်းမှာ ဓားစာခံတွေအဖြစ် အဖမ်းခံထားရတဲ့ လေတပ်ဦးစီးချုပ် ၊ ရေပတ်ဦးစီးချုပ် နဲ့ဒုတိယ စစ်ဦးစီးချုပ် တို့သုံးဦးကို ပြန်လည်ကင်တင်နိုင်ခဲ့ပါပြီ။ သူတို့ရဲ့ကျန်းမာရေးလည်း ကောင်းပါတယ်” ဟု အန်ကာရာမြို့၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် Isik က ပြောကြားခဲ့သည်။သို့သော် စစ်တပ်အာဏာသိမ်းမှု အန္တရာယ်မှာ လုံးဝ ကင်းရှင်းသွားပြီဟု ပြောရန် စောနေသေးကြောင်းနှင့် အထူးသတိပြုနေထိုင်ကြရန် တိုက်တွန်းထားကြောင်း ၎င်းက ဆက်ပြောသည်။

တစ်ချိန်တည်းမှာပင် အာဏာသိမ်းရန် ကြိုးပမ်သူများ၏ ဖမ်းဆီးခြင်းခံထားရသည့် ရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီး Glaip Mendi အားလည်း နောက်ပိုင်းတွင် ပြန်လည် ကယ်တင်နိုင်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။ အန်ကာရာမြို့ရှိ Akinci အခြေစိုက်စခန်း၌ ဖြစ်ပွားခဲ့သော အာဏာသိမ်းရန် ကြံစည်မှုအား ရဲတပ်ဖွဲ့က စစ်ဆင်နှိမ်နင်းမှုတွင် တူရကီတပ်ဖွဲ့ဝင် ၇၂ ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

တူရကီနိုင်ငံ သမ္မတ Recep Erdogan က ဇူလိုင် ၁၆ ရက်က ဖြစ်ပွားခဲ့သော အာဏာသိမ်းမှု မအောင်မြင်ဖြစ်ခဲ့ပြီးနောက်တွင် တူရကီလွှတ်တော်ဥက္ကဋ္ဌ နှင့် အတိုက်အခံခေါင်းဆောင် နှစ်ဦးတို့အား ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

သမ္မတ Erdogan က တူရကီပြည်သူ့ပါတီ ( CHP) ခေါင်းဆောင် Kemal Kilicdaroglu နှင့် အမျိုးသားလှုပ်ရှားမှုပါတီ(MGP)ခေါင်းဆောင် Devlet Bahceli တို့နှစ်ဦးအား စစ်တပ်၏ ဇူလိုင် ၁၅ ရက် အာဏာသိမ်းမှု အပေါ်ထောက်ခံအားပေးခြင်းမပြုခြင်းအတွက် ကျေးဇူးတင်ကြောင်း ဖုန်းဖြင့် ပြောကြားခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117