Connect with us

Europe

ဆလိုဗေးနီးယားတွင် လေယာဉ်ပျံငယ် တစ်စီး မြင်ကွင်းဝေဝါးမှုကြောင့် ပျက်ကျ၊ လေးဦးသေဆုံး

ဆလိုဗေးနီးယားတွင် ပျက်ကျခဲ့သည့် လေယာဉ်ပျံငယ် တစ်စီးအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆလိုဗေးနီးယား၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

ဆလိုဗေးနီးယားနိုင်ငံ အနောက်ပိုင်း ရှိ Ajdovscina မြို့အနီးတွင် ဇူလိုင်လ ၁၄ ရက်က အေးခဲလွန်းသည့် ရာသီဥတုကြောင့် မြင်ကွင်းဝေဝါး၍ အမေရိကန် မှတ်ပုံတင်ထားသည့် လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်၌ လိုက်ပါလာသူ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း သိရသည်။

ခြောက်ယောက်စီး Piper 32 လေယာဉ်သည် Venice မြို့မှ Leipzig မြို့သို့ ပျံသန်းနေစဉ် လေယာဉ်မှူး၏ လေယာဉ်မြင်ကွင်းတွင် ရေခဲသည့် ပြဿနာရှိနေကြောင်း အရေးပေါ် အကြောင်းကြားချက် ရရှိပြီးနောက် ရေဒါမှ ပျောက်ကွယ်သွားခဲ့ကြောင်း Slovenian Press Agency (STA) က သတင်းထုတ်ပြန်ခဲ့သည်။

ဆလိုဗေးနီးယား ကယ်ဆယ်ရေး ဝန်ထမ်းများသည် မီးလောင်ကျွမ်းနေသည့် ရုပ်အလောင်းများနှင့် အတူ လေယာဉ်အား ပြန်လည်တွေ့ရှိခဲ့သည်။

ဒေသခံ ရဲတပ်ဖွဲ့က ယင်း မတော်တဆဖြစ်မှုကြောင်း လူလေးဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ပြောကြားခဲ့ပြီး သေဆုံးသူနှင့် ၎င်းတို့၏ လေယာဉ်ပျံ ခရီးစဉ် အကြောင်း အသေးစိတ်ကိုမူ ပြောကြားခြင်း မရှိကြောင်း သိရသည်။

အေးခဲနေသည့် ရာသီဥတု ကြောင့် လေယာဉ်ပျံ၏ မျက်နှာပြင်များပေါ်တွင် ရေခဲများ ဖြစ်ပေါ်လာခဲ့ပြီး ၎င်းတို့က လေယာဉ်၏ မြင်ကွင်းနှင့် လမ်းကြောင်းပြ စနစ်တို့ကို ချို့ယွင်းစေခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117