Politics, Law & Military
တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးများ သြဂုတ်၂၄ တွင် တွေ့ဆုံမည်
ပေကျင်း၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ သည် ဂျပန်နိုင်ငံ နှင့် တောင်ကိုရီးယားနိုင်ငံ(ROK) မှ နိုင်ငံခြားရေးဝန်ကြီးများ အား သြဂုတ် ၂၄ ရက်တွင် တိုကျိုမြို့၌ တွေ့ဆုံသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်က သြဂုတ် ၂၂ ရက်တွင်ပြောကြားခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးများသည် သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများအား ပြန်လည်သုံးသပ်ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းများဆွေးနွေးခြင်း၊ သုံးနိုင်ငံစလုံးနှင့် ပတ်သက်နေသည့် စိုးရိမ်ပူပန်ဖွယ် အရေးကိစ္စများ အပေါ် အမြင်ချင်းဖလှယ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ (၈)ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံပွဲ ကို ဂျပန်နိုင်ငံ က သဘာပတိအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လု က တရုတ်နိုင်ငံအနေဖြင့် အဆိုပါ တွေ့ဆုံပွဲသည် သုံးနိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ကို ထိန်းသိမ်းခြင်း နှင့် အရှေ့အာရှ ဒေသတွင်း ပေါင်းစည်းမှု ဖြစ်စဉ် မြှင့်တင်ခြင်းတို့အား အကူအညီပေး နိုင်မည်ဟု ယူဆပါကြောင်း ပြောကြားခဲ့သည်။
၎င်းက ၂၀၂၀ ခုနှစ် မတိုင်မီ အရှေ့အာရှစီးပွားရေးအဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်လာရေး နှင့် ဒေသတွင်း ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးမှု နှင့် ချမ်းသာကြွယ်ဝမှု တို့အား ပိုမို လုပ်ဆောင်လာနိုင်ရန် အားထုတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)