Connect with us

Politics, Law & Military

မြန်မာနိုင်ငံ၏ ငလျင်ဒဏ် ပြန်လည်ထူထောင်ရေး တရုတ်နိုင်ငံက အကူအညီပေးမည်

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လုခန် အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း ၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ငလျင်ဒဏ် ပြန်လည်ထူထောင်ရေး အတွက် လိုအပ်သောအကူအညီများကို တရုတ်နိုင်ငံက ထောက်ပံ့ပေးသွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က သြဂုတ်လ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြု၍ သြဂုတ်လ ၂၄ ရက် ညနေပိုင်းက ပြင်းအား ၆.၈ အဆင့်ရှိ ငလျင်ဒဏ်ကို ခံစားခဲ့ရပြီး အနည်းဆုံး လူပေါင်း သုံးဦးထက် မနည်းသေဆုံးခဲ့ရသည်။မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံက ငလျင်ကြောင့် အသက်သေဆုံးခဲ့ရသည့် မြန်မာနိုင်ငံသားများ နှင့် ပျက်စီးဆုံးရှုံးမှုများအတွက် ဝမ်းနည်းစာနာမိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လုခန် ကသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံရှိ တရုတ်သံရုံးအနေဖြင့် အရေးပေါ်ကယ်ဆယ်ရေးအစီအစဉ်များ ထုတ် ပြန်ထားသလို မြန်မာနိုင်ငံအတွင်းရောက်ရှိနေသော တရုတ်နိုင်ငံသားများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းရေး သတိပေးချက်ထုတ်ပြန်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။ အဆိုပါ မြန်မာနိုင်ငံ၌ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် တရုတ်နိုင်ငံသား တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ (Xinhua)