Connect with us

Social

ဝန်ကြီးဌာနနှင့်UNHCR တို့အကြား လုပ်ငန်းများ ပူးပေါင်းဆောင် ရွက်နိုင်ရေး ဆွေးနွေး

ဝန်ကြီးဌာနနှင့်UNHCR တို့အကြား လုပ်ငန်းများ ပူးပေါင်းဆောင် ရွက်နိုင်ရေး ဆွေးနွေးစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးMs. Daisy Dell နှင့်အဖွဲ့ နှင့်တွေ့ဆုံစဉ် ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများ မှ မြန်မာနိုင်ငံသားများ ပြန်လည်လက်ခံရေးကိစ္စ နှင့် ရွှေ့ပြောင်းလုပ်သားကိစ္စအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် သြဂုတ်လ နောက်ဆုံးပတ်က နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်ပြီး၊ ထိုသို့တွေ့ဆုံရာ၌ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများ မှ မြန်မာနိုင်ငံသားများ ပြန်လည်လက်ခံရေးနှင့် မလေးရှားနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သားများနှင့် ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေ များ၊ ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေး လုပ်ငန်း ဆောင်ရွက်နေမှုနှင့် လုပ်ငန်းဆိုင်ရာ အခက် အခဲများ၊ ဝန်ကြီးဌာနနှင့်UNHCR တို့အကြား လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117