Connect with us

Asia

စင်ကာပူ ဝန်ကြီးချုပ် လီရှင်လုံမှ တရုတ် နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရန် ဆန္ဒရှိကြောင်း ပြောကြား

စင်ကာပူ ဝန်ကြီးချုပ် လီရှင်လုံ (ဘယ်) အား “Future China Global Forum” ၂၀၁၅ ခုနှစ် နှစ်ပတ်လည် အစည်းအဝေး ပိတ်ပွဲ အခမ်းအနားတွင် မြင်တွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူ၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

စင်ကာပူ နိုင်ငံ ဝန်ကြီးချုပ် လီရှင်လုံ မှ ဇူလိုင်လ ၂၁ ရက်နေ့က “Future China Global Forum” ၂၀၁၅ ခုနှစ် နှစ်ပတ်လည် အစည်းအဝေး ပိတ်ပွဲ အခမ်းအနား တွင် စင်ကာပူ နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆန္ဒရှိပြီး နှစ်နိုင်ငံ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် ကို အဆင့်မြှင့်တင် ထားသည့် စင်ကာပူ-တရုတ် အစိုးရကြား တတိယမြောက် သဘောတူညီမှု စီမံကိန်း ရရှိရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

လီရှင်လုံမှ စင်ကာပူ နှင့် တရုတ် နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့သည့် ၂၅ နှစ်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေးမှာ အဆက်မပြတ် ပိုမို တိုးတက် နက်ရှိုင်းလာခဲ့ပြီး နိုင်ငံရေး ၊ စီးပွားရေး ၊ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှု ၊ ခရီးသွားလုပ်ငန်း ၊ နည်းပညာ ဖလှယ်ရေး စသည့် ကဏ္ဍ အသီးသီးတွင် နှစ်နိုင်ငံမှ အနီးကပ် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ် ခဲ့ကြောင်း ၊ စင်ကာပူ နိုင်ငံမှ လက်ရှိအချိန်တွင် တရုတ် နိုင်ငံတော် အစိုးရနှင့် တတိယမြောက် ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းကို တက်ကြွစွာ ဆောင်ရွက်နေကြောင်း ၊ ၎င်း စီမံကိန်း သည် တရုတ်နိုင်ငံ အနောက်ခြမ်း တိုးတက် ဖ့ွံဖြိုးရေး မဟာဗျူဟာနှင့် ကိုက်ညီမှု ရှိပြီး အပြန်အလှန် ချိတ်ဆက် ဆောင်ရွက်မှု များဖြင့် ခေတ်သစ် ပို့ဆောင် ဆက်သွယ်ရေး စီမံကိန်း တစ်ခု ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

လီရှင်လုံမှ စင်ကာပူ နိုင်ငံနှင့် တရုတ် နိုင်ငံ တို့သည် ၂၀၀၈ ခုနှစ် အောက်တိုဘာလတွင် စင်ကာပူ-တရုတ် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး လက်ရှိချိန်တွင် ၎င်း စာချုပ်ကို အဆင့် မြှင့်တင် နိုင်ရန် သက်ဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှု များကို တက်ကြွစွာ စတင် လုပ်ကိုင် နေပြီ ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံမှ ဖော်ဆောင်သည့် ပိုးလမ်းမကြီး စီမံကိန်း မှ အာရှဒေသ ဖွံ့ဖြိုးရေးကို တွန်းအားပေးနိုင်ပြီး တရုတ် နိုင်ငံ၏ အိမ်နီးချင်း ချစ်ကြည်ရေး ပေါ်လစီသည် ပိုးလမ်းမကြီး စီမံကိန်း အတွင်း လုပ်ကိုင် ဆောင်ရွက် သွားနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“Future China Global Forum” ၂၀၁၅ ခုနှစ် နှစ်ပတ်လည် အစည်းအဝေး ကို ဇူလိုင်လ ၂၀ ရက် နှင့် ၂၁ရက် တို့တွင် စင်ကာပူ နိုင်ငံ ရှန်ဂရီလာ ဟိုတယ်တွင် ကျင်းပ ခဲ့ပြီး ခေါင်းစဉ်ပေါင်း ၁၆ ခုကို နိုင်ငံ ပေါင်း ၆၀ ကျော်မှ တရုတ် ရေးရာ ပညာရှင်များက တရုတ် နိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး မှ ဖြစ်ပေါ်လာသည့် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း နှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ် ခဲ့ကြသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117