Connect with us

Asia

မြောက်ကိုရီးယား နိုင်ငံမှ အီရန် နျူကလီးယား အရေး ဖြေရှင်းပုံ အား နမူနာ ယူ၍ မြောက်ကိုရီးယား နျူအရေးအား ဖြေရှင်းသွားမည် မဟုတ်ကြောင်း ထုတ်ပြန်

မြောက်ကိုရီးယား နိုင်ငံတွင် ကျင်းပသည့် နှစ် ၆၀ ပြည့် မြောက်ကိုရီးယား စစ်ပွဲအပြီး စစ်ရေးပြ အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

ပြုံယမ်း ၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

မြောက်ကိုးရီးယား နိုင်ငံ အနေဖြင့် အီရန် နျူကလီးယား ဆွေးနွေးပွဲမှ သဘောတူညီစာချုပ် ရရှိခဲ့သည်ကို နမူနာ ယူ၍ မြောက်ကိုးရီးယား နိုင်ငံ နျူကလီးယား အရေး အား ဖြေရှင်းသွားမည် မဟုတ်ကြောင်းနှင့် မြောက်ကိုးရီးယား နိုင်ငံ အနေဖြင့် နျူလက်နက် နှင့် နျူကလီးယား အား တဖက်သတ် စွန့်လွတ် သွားရန် စိတ်မဝင် စားကြောင်း မြောက်ကိုရီးယား နိုင်ငံ ပြည်ပ ပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူ မှ ဇူလိုင်လ ၂၁ ရက် က ပြောကြား ခဲ့သည်။

ယခု ထုတ်ပြန်ချက်သည် မြောက်ကိုးရီးယား နိုင်ငံ မှ ပထမ ဆုံးအကြိမ် အီရန် နျူကလီးယား အရေး နှင့် ပတ်သက်ပြီး သဘောထား ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။ပြောရေးဆိုခွင့်ရှိသူမှ လတ်တလော ရက်များတွင်း အမေရိကန် နိုင်ငံတော် ကောင်စီ ၏ သက်ဆိုင်ရာ အရာရှိမှ မြောက်ကိုးရီးယား နိုင်ငံ အနေဖြင့် နျူတိုးချဲရေး ရပ်တန့်ရန် ဆန္ဒရှိပါက အမေရိကန် အနေဖြင့် ဆွေးနွေးမှု ပြုလုပ်ရန် အဆင်သင့် ရှိနေကြောင်း ၊ အီရန် နျူဆွေးနွေးပွဲ သဘောတူညီမှု မှတဆင့် မြောက်ကိုးရီးယား နိုင်ငံ အနေဖြင့် နျူအရေး နှင့် ပတ်သက်ပြီး ပြန်လည် စဉ်းစားသုံးသပ် နိုင်ရန် မျှော်လင့်ကြောင်း ကို ပြောကြား ခဲ့ကြောင်း ထုတ်ပြန်ပြောကြားခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူ မှ အီရန် နျူသဘောတူညီမှု ရရှိခဲ့ခြင်းသည် အီရန် နိုင်ငံ၏ ကာလကြာ ကြိုးပမ်းမှု မှ ရရှိခဲ့သည့် အောင်မြင်မှု ဖြစ်ကြောင်း ၊ အီရန် နိုင်ငံ သည် မိမိ တို့၏ ကိုယ်ပိုင် နျူကလီးယားစီမံကိန်း ဆက်လက် ဆောင်ရွက် နိုင်ရန် အာမခံ ရရှိနိုင်ပြီး ပိတ်ဆို့အရေးယူမှု ကိုလည်း ဖယ်ရှားနိုင်ခဲ့ကြောင်း ၊ သို့သော် မြောက်ကိုးရီးယား ၏ အခြေအနေသည် အီရန် နှင့်မတူညီကြောင်း ၊ မြောက်ကိုးရီးယား နိုင်ငံ သည် အမှန်တကယ် နျူကလီးယား လက်နက် ပိုင်ဆိုင်သော နိုင်ငံ ဖြစ်ကြောင်း ထောက်ပြ ပြောဆိုခဲ့သည်။

ထို့ပြင် မြောက်ကိုးရီးယား နိုင်ငံ၏ နျူကလီးယား မူဝါဒ သည် အမေရိကန် နိုင်ငံ၏ နျူခြိမ်းခြောက်မှု နှင့် ရန်သူ ဆက်ဆံရေး မူဝါဒ များကြောင့် ပြုလုပ်ခဲ့ရခြင်း ဖြစ်ကြောင်း ၊ မိမိ နိုင်ငံ ၏ အချုပ်အခြာ အာဏာ ကာကွယ်ရန် နှင့် ရှင်သန် နေထိုင်ရေး အတွက် မရှိမဖြစ်လိုအပ်ပြီး ညှိနှိုင်းဆွေးနွေးဖို့ ထားရှိသည့် ဆောင်ရွက်မှု တစ်ခုမဟုတ်ကြောင်း ၊ အမေရိကန် အနေဖြင့် မြောက်ကိုရီးယား အပေါ် ရန်သူ မူဝါဒ ဆက်လက် ကျင့်သုံးနေသရွေ့ မြောက်ကိုးရီးယား နိုင်ငံ မှလည်း နျူလက်နက် ဆောင်ရွက်မှု အပေါ် ပြောင်းလဲမှု ရှိလာမည် မဟုတ်ကြောင်း အထူး ပြောကြား ခဲ့သည်။

ရေရှည် ဆွေးနွေးမှု များပြုလုပ်ခဲ့ပြီးနောက် ကမ္ဘာ့အင်အားကြီး နိုင်ငံကြီး ၆ နိုင်ငံ နှင့် အီရန် နိုင်ငံ တို့မှ ဇူလိုင် ၁၄ ရက်နေ့က အီရန် နျူအရေး နှင့် ပတ်သက်သည့် ဘက်စုံ သဘောတူညီမှု ရရှိခဲ့သည်။ အီရန် နိုင်ငံ အပေါ် ပိတ်ဆို့မှု နှင့် အီရန် နိုင်ငံ အပေါ် အရေးယူ ဆောင်ရွက်မည့် စီမံကိန်း များ ရပ်တန့်ရန် များလည်း ပါဝင် ခဲ့သည်။ သဘောတူညီမှုတွင် နည်းပညာ ပူးပေါင်းရေး ၊ သဘောတူညီမှု အားစောင့်ကြည့် လေ့လာရေး နှင့် အီရန် နျူစွမ်းရည် အပေါ် ကန့်သတ်ချက် စသည့် အရေးကြီး အချက်များ ပါဝင် ခဲ့သည်။ သဘောတူညီမှု စာချုပ် အကောင်အထည် ဖော်ပြီးနောက်တွင် အီရန် နိုင်ငံအပေါ်လက်ရှိ ကျင့်သုံးနေသော လက်နက် တင်ပို့မှုကို ၅ နှစ် ထိန်းချုပ်ထား နိုင်မည် ဖြစ်ပြီး အီရန် နိုင်ငံသို့ ပဲ့ထိန်း ဒုံကျဉ် နည်းပညာ လွှဲပြောင်းရေး ကို အနည်းဆုံး ၈ နှစ်ကြာ တားမြစ် ထားနိုင်မည် ဖြစ်သည်။ (Xinhua)