Connect with us

Politics, Law & Military

မြန်မာနိုင်ငံ မူးယစ်ဆေးဝါး မူဝါဒ တစ်နှစ်အတွင်း အသစ် ရေးဆွဲမည်


နေပြည်တော်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ လက်ရှိ ကျင့်သုံးနေသည့် မူးယစ်ဆေးဝါး ဆိုင်ရာ မူဝါဒများကို UNGASS (The United Nations General Assembly Special Session) 2016 ထုတ်ပြန်ချက်များနှင့် အညီ အသစ်ရေးဆွဲမှုကို တစ်နှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက် သွားမည်ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးတပ်ဖွဲ့ ဒုတိယ တပ်ဖွဲ့မှူးးရဲမှူးးကြီး မြင့်သိန်းက ပြောသည်။

“နှစ်ပေါင်းများစွာ လုပ်လာတဲ့ မူဝါဒတွေဟာ လက်ရှိ ဖြစ်နေတဲ့ ကမ္ဘာလုံး ဆိုင်ရာ မူးယစ်ဆေးဝါး ပြသနာတွေနဲ့ ကိုက်ညီမှု ရှိရဲ့လားဆိုတာ၊ ၂၀၁၆ ဧပြီမှာ လုပ်ခဲ့တဲ့ အန်းဂတ်စ်(UNGASS) ကုလသမဂ္ဂ မူးယစ်ဆေးဝါး ဆိုင်ရာ အထူး အစည်း အဝေးမှာ စဉ်းစားလာကြတယ်၊ အရင်ကတော့ မူးယစ်ဆေးဝါး ပြသနာကို ဖြေရှင်းဖို့ စဉ်းစား ရာမှာ ဘိန်းကို အခြေခံပြီး စဉ်းစားခဲ့ကြတယ်၊ မူဝါဒတွေ ချမှတ်ခဲ့ကြတယ်၊ ကျွန်တော်တို့နိုင်ငံမှာ ဘိန်းစိုက်ပျိုး တဲ့ အလေ့အထကို ပပျောက်အောင်လို့ဆောင်ရွက်ကြတယ်၊ သို့သော်လည်း ဒါကို လုပ်ရုံနဲ့မရတော့ဘူး၊ ရောင်းဝယ်သူ သုံးစွဲသူတွေကို ဖမ်းတယ်၊ ဘယ်လောက်ပဲ ဖမ်းဖမ်း ပပျောက်သွားတယ် မရှိဘူး၊ ဒါကြောင့် မူဝါဒတွေကို အရင်အတိုင်းထားလို့မရတော့ဘူး၊ ပြောင်းလဲဖို့စဉ်းစားလာရတယ်။ ကျန်းမာရေး ရှုဒေါင့် လူ့အခွင့်အရေး။ လူသားချင်း စာနာ ထောက်ထားမှု ရှုဒေါင့်တွေကနေ ကြည့်ရတော့မယ်၊ ဒါတွေအားလုံးကို ခြုံ ပြီးကိုက်ညီမယ့် မူဝါအသစ်ကို တစ်နှစ်အတွင်းပြီးအောင်ရေးဆွဲဖို့မှန်းထားပါတယ်” ဟု နေပြည်တော် Royal ACE Hotel တွင် နိုဝင်ဘာ ၇ ရက်မှ ၈ ရက်နေ့အထိ နှစ်ရက်တိုင် ကျင်းပမည့် (၈) ကြိမ်မြောက် အာရှဒေသ မူးယစ်ဆေးဝါး ဆိုင်ရာ အလွတ်သဘော ဆွေးနွေးပွဲ ပထမနေ့၌ ရဲမှူးးကြီး မြင့်သိန်းက မီဒီယာသို့ပြောခဲ့ခြင်း ဖြစ်သည်။ထိုသို့ရေးဆွဲရာတွင် နိုင်ငံတကာ အဖွဲ့အစည်းများမှ ပညာရှင်များ၊ အစိုးရဝန်ထမ်းများ၊ လွှတ်တော်ကိုယ် စားလှယ် များလည်း ပါဝင်မည်ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

ရှစ်ကြိမ်မြောက်အာရှဒေသမူးယစ်ဆေးဝါးဆိုင်ရာအလွတ်သဘောဆွေးနွေးပွဲကျင်းပနေစဉ်(ဆင်ဟွာ)

ထိုသို့ရေးဆွဲနိုင်ရေးအတွက် ပြီးခဲ့သည့် စက်တင်ဘာ လအတွင်း၌ မူးယစ်ဆေးဝါးမူဝါဒဆိုင်ရာ အစည်းအဝေး နှစ်ခုတို့ကို အစိုးရဌာနများနှင့် တစ်ကြိမ် လွှတ်တော် ကိုယ်စားလှယ်များနှင့် တစ်ကြိမ် စတင် ဆောင်ရွက်ခဲ့ ကြောင်းနှင့် ထို မူဝါဒ အသစ်တွင် မူးယစ်ဆေး ထုတ်လုပ် ရောင်းချ သယ်ဆောင်သူများအား ပြင်းထန်စွာ ပြစ်ဒဏ်ချပြီး သုံးစွဲသူများကိုမူ လူသားချင်းစာနာ ထောက်ထားမှုအရ ဆေးစွဲမှု ပပျောက်စေရန် ကူညီသွားမည့် မူးယစ် မဟာဗျူဟာများ ပါဝင်မည်ဟု မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး တပ်ဖွဲ့၏ ဌာနမှူးး (စီမံကိန်း ဌာန) ရဲမှူးးကြီးဇော်လင်းထွန်းက ပြောသည်။“မူးယစ်ဆေးဝါး သုံးစွဲသူတွေကို အချိုးညီတဲ့ သင့်တင့်လျောက်ပတ်တဲ့ ပြစ်ဒဏ်လောက်ပဲပေးပြီး ကူညီစောင့်ရှောက်သွားမယ့် service oriented မူဝါဒမျိုးလည်း ပါပါတယ်” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ အလွတ်သဘော ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ မူးယစ် ဗဟို အဖွဲ့ တွဲဖက် အတွင်းရေးမှူးးမူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးးရဲမှူးးချုပ် ကျော်ဝင်းက အဖွင့် အမှာစကား ပြောကြားခဲ့ပြီး TNI (The Transitional Institute) နှင့် GIZ (Deutsche Desellschafe Furinternationale Zusammentrbeit) တို့မှ ကိုယ်စားလှယ် ခေါင်းဆောင်များ ကလည်း အဖွင့် အမှာ စကားများ ပြောကြားခဲ့ကြသည်။

မူးယစ်ဆေးဝါး ဈေးကွက်နှင့် မူဝါဒဆိုင်ရာ တုံ့ပြန်မှု အခြေအနေများအား နိုင်ငံအလိုက် တင်ပြကြရာ မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ တရုတ်၊ အိန္ဒိယ နိုင်ငံတို့က ၁၀ မိနစ်စီခန့့်တင်ပြခဲ့ကြသည်။ ထိုသို့တင်ပြအပြီး ဒေသ တွင်း မူးယစ်ဆေးဝါးဆိုင်ရာ မူဝါဒများ ပြင်ဆင် ရေးဆွဲခြင်းနှင့် ပတ်သက်၍ ဆက်လက် ဆွေးနွေးခဲ့ကြသည်။နေ့လယ်ပိုင်းတွင် ဒေသတွင်း အနာဂတ် အစားထိုး ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ အာဆီယံဒေသတွင်း ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် မူးယစ်ဆေးဝါး ပဋိပက္ခနှင့် ၎င်း၏ အကျိုးဆက်များ ဆက်နွယ်မှု အကြောင်း တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ဆွေးနွေးပွဲ ဒုတိယနေ့ဖြစ်သည့် နိုဝင်ဘာ ၈ ရက်နေ့တွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် မူးယစ်ဆေးဝါး ပဋိပက္ခနှင့် ၎င်း၏ အကျိုးဆက်များ ဆက်နွယ်မှု အကြောင်းတို့ကို ဆက်လက် ဆွေးနွေးမည် ဖြစ်ကြောင်း၊ လက်ရှိ ဒေသတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် ကုသရေးဆိုင်ရာ ရွေးချယ်မှု အခွင့်အလမ်းများ၊ UNGASS (The United Nations General Assembly Special Session) 2016 ထုတ်ပြန်ပြီးနောက် အာရှ အခြေအနေများကို ဆက်လက် ဆွေးနွေး သွားကြမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117