Connect with us

Politics, Law & Military

သူရဦးရွှေမန်း မှ မွေးရပ်ဇာတိ မြို့ ဖြစ်သည့် ဖြူးမြို့ မှ ပြည်ခိုင်ဖြိုးပါတီ အမတ်လောင်း အဖြစ် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်

ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဌ သူရ ဦးရွှေမန်း အား မြင်တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

ပြည်သူ့လွှတ်တော် ဥက္ကဌ နှင့် ပြည်ထောင်စု လွှတ်တော် နာယာက ဖြစ်သည့် သူရ ဦးရွှေမန်းသည် မွေးရပ် ဇာတိ မြို့ ဖြစ်သည့် ဖြူးမြို့ မှ ပြည်ခိုင်ဖြိုးပါတီ အမတ်လောင်း အဖြစ် ပါဝင်ရှင်ပြိုင် မည် ဖြစ်ကြောင်း တရား ဝင် ထုတ်ပြန် ခဲ့သည်။

ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဌ ၊ ပြည်ခိုင်ဖြိုး ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး ဥက္ကဌ တာဝန်ထမ်းဆောင်နေသော ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိ မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

သို့တော် ယခု ကျင်းပ မည့်ရွေးကောက်ပွဲတွင် သူရ ဦးရွှေမန်း မှ ပြည်ခိုင်းဖြိုးပါတီ အမတ်လောင်း အနေဖြင့် ၎င်း၏ မွေးရပ်ဇာတိ မြို့ ဖြစ်သည့် ပဲခူးတိုင်း ဖြူးမြို့ နယ်မှ ပါဝင်ရှင်ပြိုင်မည် ဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ခဲ့သည်။

ယခုနှစ်တွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး မဲဆန္ဒနယ်ပေါင်း ၁,၁၇၁ နယ်မြေအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ သတ်မှတ် ထုတ်ပြန်ထားပြီး ပြည်ခိုင်ဖြိုးပါတီမှ နေရာပြည့်နီးပါး ဝင်ရောက် ယှဉ်ပြိုင်သွားရန် စီစဉ်ထားကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117