Connect with us

Environment, Disasters & Accidents

သဘာဝ ဘေးအန္တရာယ် များကြောင့် ကျပ် သန်းပေါင်း ၉,၈၅၅ ခန့် ဆုံးရှုံး ပျက်စီး

ရေဘေးဒဏ်သင့်နေသော စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ်များတွင် သဘာဝ ဘေးအန္တရာယ်များကြောင့် လမ်း၊ တံတား၊ မွေးမြူရေးခြံ၊ ပုဇွန်နှင့် ငါးကန်များနှင့် အဆောက်အဦများ ပျက်စီး ဆုံးရှုံးမှုသည် ခန့်မှန်းချေ ကျပ်သန်းပေါင်း ၉,၈၅၅ သန်းခန့် ဆုံးရှုံး ပျက်စီး နေကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ပြည်နယ် လေးခုဖြစ်သည့် ကချင်၊ ချင်း၊ ရှမ်းနှင့်် ရခိုင် နှင့် တိုင်းဒေသကြီး ၆ ခု ဖြစ်သည့် စစ်ကိုင်း ၊မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီနှင့် တနင်္သာရီတိုင်း များတွင် ပျက်စီး ဆုံးရှုံးကာ တံတားပေါင်း ၁၄၅ စင်းအပြင် ခိုင်းနွားနှင့် ကြက်၊ ဝက် အများအပြား ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင် ပြည်နယ်သည် သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှု အဆိုးဆုံး ဖြစ်ပြီး သန်းပေါင်း ၆,၈၂၈.၈၆ ဖိုး ပျက်စီးခဲ့သည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အနေဖြင့် သဘာဝ ဘေးအန္တရာယ် (ရေဘေး) သင့် ဒေသများကို ဆန်အိတ် ၂,၆၀၀ ကျော် အပါအဝင် စုစုပေါင်း တန်ဖိုး ကျပ် ၁,၈၂၄.၁၃၈ သိန်းခန့် ထောက်ပံ့ ပေးခဲ့သည်။

ရေဘေးကြောင့် တိရစ္ဆာန် မွေးမြူရေး လုပ်ငန်းများ ပြန်လည် ထူထောင်နိုင်ရန် သဘာဝဘေး နိုင်ငံတော် ထောက်ပံ့ငွေနှင့် နိုင်ငံတော် သမ္မတ သီးသန့် ရန်ပုံငွေများမှ လျာထား သုံးစွဲသွား မည်ဖြစ်ပြီး ကုလသမဂ္ဂ စားနပ် ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) စသည့် ပြည်ပ အဖွဲ့အစည်းများက အကူအညီများ ရယူ ဆောင်ရွက်မည် ဖြစ်သည်။

ရခိုင် ပြည်နယ် အတွင်းရှိ ပုစွန်ကန် ၁၀,၃၄၆ ဧက ပျက်စီး ဆုံးရှုံးခဲ့ပြီး ဒေသတွင်း ဆက်သွယ်သော တံတား ၁၁ စင်း ပျက်စီး ခဲ့သည်။ မြန်မာ နိုင်ငံအတွင်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၂ ခုတွင် ရေကြီး ရေလျှံမှုကြောင့် လူသေဆုံးမှု ၄၇ ဦး ထိရှိပြီး ရေဘေးသင့် ပြည်သူ နှစ်သိန်း တစ်သောင်းကျော်ထိ ရှိလာကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဦးစီးဌာနထံမှ သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117