Connect with us

Environment, Disasters & Accidents

ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ မြစ်ရေတိုးဝင်မှုကြောင့် လူပေါင်း တစ်သောင်းကျော် ရေဘေး ဒုက္ခကြုံ


ရန်ကုန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်း ဒေသကြီးအတွင်း ရေဘေး အန္တရာယ်သည် ယနေ့ မြစ်ရေ တိုးဝင်မှုကြောင့် ရေဘေးသင့် ပြည်သူ တစ်သောင်းကျော် ရှိလာကြောင်း ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေ တိုးဝင်မှု မြင့်သထက် မြင့်လာသောကြောင့် ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်ရှိ မြန်အောင်၊ ဟင်္သာတနှင့် ကြံခင်းမြို့နယ်များရှိ ကျေးရွာပေါင်း ၃၀ ကျော်မှ လူများ ရေဘေး လွတ်ရာသို့ တိမ်းရှောင် နေရသည်။

လက်ရှိ ဧရာဝတီတိုင်းအတွင်း အရေးပေါ်အခြေနေသို့ ရောက်ရှိနေပြီး နေရာအနှံ့ မြစ်ရေများ တိုးဝင်လာမှုများ ဆက်တိုက် ဖြစ်ပေါ်နေကာ စာသင်ကျောင်းများနှင့် ဈေးအချို့ ပိတ်ထားနေရသည်။

ဆင်ပေါင်ဝဲမြိုနယ် ကျွန်းကျေးရွာ၌ ဧရာဝတီ မြစ်ရေကြီးမှုကြောင့် ရေဘေး ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ-MNA)
ဆင်ပေါင်ဝဲမြိုနယ် ကျွန်းကျေးရွာ၌ ဧရာဝတီ မြစ်ရေကြီးမှုကြောင့် ရေဘေး ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ-MNA)

ဧရာဝတီမြစ်ဝ ကျွန်းပေါ်အတွင်း ရေနစ်မြုပ်နိုင်သည့် အန္တရာယ် မြင့်မားနေပြီ ဖြစ်ခြင်းကြောင့် အထူးသတိထားပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသင့်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ပြောကြားထားသည်။

ရေဖုံးလွှမ်းမှု ခံရနိုင်သည့် အလားအလာများ ရှိသော ဒေသများမှာ ပြည်၊ ကျောက်ဖြူ၊ မင်းတပ်၊ မုံရွာ၊ ညောင်ဦး (ပုဂံ)၊ မအူပင်၊ ပုသိမ်၊ ပဲခူး၊ သာယာဝတီ၊ ဟင်္သာတ၊ စစ်တွေ၊ သထုံ၊ မိတ္ထီလာ နှင့် မင်္ဂလာဒုံမြို့နယ် တို့ ပါဝင်ခြင်းကြောင့် ကြိုတင် ပြင်ဆင်မှုများ လုပ်ဆောင် ထားသင့်ကြောင်း ၎င်းကဆိုသည်။

လက်ရှိ မြစ်ရေ မြင့်တက်နေသည့် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်ကြီးများ အပါအဝင် မြစ်ငယ်များတွင်လည်း မြစ်ရေများ မြင့်တက်နေပြီး နေရာဒေသလိုက်ပြီး ယင်းဒေသတို့၏ စိုးရိမ် ရေမှတ်များကို ကျော်လွန်လျက် ရှိနေသည်။ (Xinhua)