Connect with us

Education & Health

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်ထားရန် နဂို သတ်မှတ်ရက်အစား ၂၀၂၂ခုနှစ်ဇန်နဝါရီ ၁၅ ရက် အထိ တိုးမြှင့်ဆောင်ရွက်ပေးမည်ဟု ထုတ်ပြန်

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီးထွက်လာသော ကျောင်းသား၊ ကျောင်းသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်ထားရန် နဂို သတ်မှတ်ရက်အစား ဇန်နဝါရီ ၁၅ ရက် အထိ သတ်မှတ်ရန် တိုးမြှင့်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဇန်နဝါရီ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာများကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်မှ ဒီဇင်ဘာလ (၃၀) ရက်အတွင်း လျှောက်ထားရမည်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်တွင် ဖော်ပြခဲ့သည်။

“မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ ကျောင်းသူ၊ ကျောင်းသားတွေမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲ့တဲ့နေရာတွေရှိ တယ်။ အဓိကရည်ရွယ်ချက်က ကျွန်တော်တို့ ကလေးတွေကို စာမေးပွဲဖြေစေချင်တယ်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ကလေးတွေ အဆင်ပြေဖို့ အတွက် ရည်ရွယ်ပါတယ်။ ကလေးတွေက အနာဂတ်မျိုးဆက်သစ်တွေပါ။ ဒါကြောင့် ရတဲ့ရက်တွေမှာ စာမေးပွဲ ဖြေစေချင်ပါတယ်’’ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးဦးဌေးနောင်က ဆင်ဟွာသို့ ယနေ့ ဇန်နဝါရီ ၆ ရက်တွင် ပြောကြားသည်။

တိုင်းဒေသကြီး/ပြည်နယ်အားလုံး (ကျောင်းဖွင့်ရက်နောက်ကျသော တိုင်းဒေသကြီး/ပြည်နယ် (၉)ခုမှ မြို့နယ် (၄၆)မြို့နယ်နှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဝေးလံဒေသများ အပါအဝင်)မှ အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများ၊ ကိုယ်ပိုင်အထက်တန်း ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့် ပြင်ပဖြေဆိုမည့်သူများ အဆင်ပြေချောမွေ့စေရန်အတွက် လျှောက်လွှာရောင်းချခြင်းနှင့် ပြန်လည်ပေးပို့ခြင်းတို့ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်အထိ သတ်မှတ်ရက် တိုးမြှင့်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)

 

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117