Connect with us

Myanmar

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် မြန်မာနိုင်ငံ နေပြည်တော်သို့ရောက်ရှိ

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် အာခါ မိုဟာ ဆီနာ ပါတိုင်း တဲ့ချို ဟွန်ဆင် မြန်မာနိုင်ငံ၊ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာစဉ် (ဓာတ်ပုံ--တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့)

ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် အာခါ မိုဟာ ဆီနာ ပါတိုင်း တဲ့ချို ဟွန်ဆင်သည် ယနေ့ ဇန်နဝါရီ ၇ ရက်နံနက်ပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိလာခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် အာခါ မိုဟာ ဆီနာ ပါတိုင်း တဲ့ချို ဟွန်ဆင် မြန်မာနိုင်ငံ၊ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာစဉ် (ဓာတ်ပုံ-တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့)

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် အာခါ မိုဟာ ဆီနာ ပါတိုင်း တဲ့ချို ဟွန်ဆင် မြန်မာနိုင်ငံ၊ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာစဉ် (ဓာတ်ပုံ–တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့)

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၇ ရက်မှ ၈ ရက် အထိ အလုပ်သဘောခရီးစဉ် လာရောက်ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၎င်း၏ခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များအကြား နှစ်နိုင်ငံဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်မည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များအပြင် အာဆီယံအပါအဝင် ဒေသဆိုင်ရာ အကျိုးတူကိစ္စရပ်များကို ဆွေးနွေးအမြင်ချင်းဖလှယ်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခုခရီးစဉ်တွင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်၊ ဒုဝန်ကြီးချူပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၊ စက်မူ သိပ္ပံနည်းပညာဝန်ကြီး၊ ဝန်ကြီးချူပ်ရုံးဝန်ကြီးနှင့် ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွင်းရေးမှူး၊ ဝန်ကြီးချူပ်ရုံးဝန်ကြီး၂ ဦး၊ နိုင်ငံခြားရေးဒုဝန်ကြီး၂ ဦး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချူပ်နှင့် ကာကွယ်ရေးဦးစီးချူပ် (ကြည်း) ၊ သံအမတ်ကြီးနှင့် သံတမန်အဖွဲ့ဝင်များ ပါဝင်ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ COVID-19 ရောဂါဆိုင်ရာ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းခဲ့ပြီး ၊ ကမ္ဘောဒီးယားနိုင်ငံမှလှူဒါန်းသော COVID-19 ရောဂါဆိုင်ရာ ကာကွယ်ရေးပစ္စည်းများ မှာ နှာခေါင်စည်း ၃ သန်း၊ N-95 နှာခါစည်း ၂ သိန်း၊ Goggle ၁ သိန်း၊ PPE ဝတ်စုံ ၃ သောင်း၊ Face Shield ၃ သောင်း၊ Safety Plastic Boost PR ၃ထောင်၊ Ventilator Machine Unit ၅၀၊ Patient Monitor + accessories Unit ၅၀၊ Oxygen Concentrator Unit ၅၀ တို့ အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.