Politics, Law & Military
မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကူညီရေး အစီအစဉ်များကို သမ္မတနှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ် ဆွေးနွေး
နေပြည်တော်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကူညီရေး အစီအစဉ်များကို မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဟီရိုတို အီဇူမီတို့ ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ တွေ့ဆုံမှု၌ မြန်မာ – ဂျပန်နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မြဲရေး၊ မြန်မာနိုင်ငံတွင် ဂျပန်စီးပွားရေးလုပ်ငန်းရှင်များ ပိုမိုရင်းနှီးမြှုပ်နှံနိုင်ရေးနှင့် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက် ရေးတွင် ဆက်လက်ပါဝင်ကူညီသွားမည့် အစီအစဉ်များကို ဆွေးနွေးကြသည်။(Xinhua)