Connect with us

Politics, Law & Military

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကူညီရေး အစီအစဉ်များကို သမ္မတနှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ် ဆွေးနွေး

မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဂျပန်နိုင်ငံ ၀န်ကြီးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ်တို့ တွေ့ဆုံစဉ်(ဓာတ်ပုံ-နိုင်ငံတော် သမ္မတရုံး)

နေပြည်တော်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကူညီရေး အစီအစဉ်များကို မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဟီရိုတို အီဇူမီတို့ ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တွေ့ဆုံမှု၌ မြန်မာ – ဂျပန်နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မြဲရေး၊ မြန်မာနိုင်ငံတွင် ဂျပန်စီးပွားရေးလုပ်ငန်းရှင်များ ပိုမိုရင်းနှီးမြှုပ်နှံနိုင်ရေးနှင့် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက် ရေးတွင် ဆက်လက်ပါဝင်ကူညီသွားမည့် အစီအစဉ်များကို ဆွေးနွေးကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.