Connect with us

Asia

ဖိလစ်ပိုင် ငလျင်ကြောင့် သေဆုံးသူ ၁၅ ဦးအထိ ရှိလာ၊ လူရာပေါင်းများစွာ ဒဏ်ရာရ

ငလျင်ကြောင့် ပျက်စီးသွားသည့် အဆောက်အအုံများကြားမှ ကယ်ဆယ်ရေး လုပ်သားများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မနီလာ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမြို့၌ ဖေဖော်ဝါရီလ ၁၀ ရက် ညပိုင်းက အင်အားပြင်း ငလျင် တစ်ခု လှုပ်ခတ်ခဲ့ရာ သေဆုံးသူ အနည်းဆုံး ၁၅ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ယနေ့ (ဖေဖော်ဝါရီလ ၁၁ ရက်) တွင် ပြောကြားခဲ့သည်။

Surigao del Norte ပြည်နယ် Surigao မြို့ အနောက်မြောက်ဘက်တွင် ဖေဖော်ဝါရီလ ၁၀ ရက် ည ၁၀း၀၃ နာရီက လှုပ်ခဲ့သော ပြင်းအား ၆.၇ ရှိသော ငလျင်ကြောင့် အနည်းဆုံး ဒေသခံ ၁၀၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း Surigao de Norte အုပ်ချုပ်ရေးမှူး Sol Matugas က ပြောသည်။

ယင်း ငလျင်ကြောင့် မြို့အတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခဲ့သလို လေဆိပ် ပြေးလမ်း၊ တံတားများ၊ ဟိုတယ်နှင့် ကျောင်းများ အပါအဝင် အဆောက်အအုံများလည်း ပျက်စီးသွားခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၁၁ ရက်တွင် Surigao မြို့သို့ သွားရောက်မည့် လေကြောင်း ခရီးစဉ်များအား ဖျက်သိမ်းရန် ဖိလစ်ပိုင် လေကြောင်း အာဏာပိုင်များက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတောင်ပိုင်းနှင့် အလယ်ပိုင်းရှိ မြို့များ၌လည်း နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်ခဲ့ကြောင်း၊ ယင်း ငလျင်ကြီး လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်ငယ်ပေါင်း ၈၉ ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117