Connect with us

Asia

ပါကစ္စတန် တောင်ပိုင်းတွင် လှေမှောက်မှုကြောင့် လူ ၅ ဦးသေဆုံး၊ ၅ ဦး ပျောက်ဆုံးနေ

ပါကစ္စတန်နိုင်ငံတွင် ၂၀၁၃ ခုနှစ်က လှေတိမ်းမှောက်မှုတစ်ခုတွင် အသက်ရှင် ကျန်ရစ်သူများအား ကယ်ဆယ်ရေး လုပ်ဆောင်နေခြင်းအား တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ တောင်ပိုင်းတွင် ဖေဖော်ဝါရီလ ၁၀ ရက် ညပိုင်းက ဘုရားဝတ်ပြုသူများအား တင်ဆောင်လာသော လှေတစ်စီး တိမ်းမှောက်ခဲ့ရာ အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံ မီဒီယာက သတင်း တင်ပြထားသည်။

ဖေဖော်ဝါရီလ ၁၀ ရက် ညပိုင်းက ပါကစ္စတန်နိုင်ငံ၏ အကြီးဆုံး မြစ်ဖြစ်သည့် Indus မြစ်အတွင်း လူပေါင်း ၃၀ ဦးအား တင်ဆောင်လာသော လှေ တစ်စင်းသည် Sindh ပြည်နယ် တောင်ပိုင်း Larkana မြို့ Dokri နယ်မြေ အတွင်းရှိ Pir Muhban Shah ဗလီသို့ သွားရောက်စဉ် တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း Geo News က ပြောကြားခဲ့သည်။

Larkana မြို့ လက်ထောက် ကော်မရှင်နာမင်းကြီး ခါရစ်ဖ် အလီတီပူက ဖေဖော်ဝါရီလ ၁၀ ရက် ညပိုင်းက လှေတိမ်းမှောက်ရာမှ လူပေါင်း ၂၀ ကို ကယ်ဆယ်နိုင်ခဲ့ပြီး ၁၀ ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြင်ကွင်းများ မှောင်မိုက်နေသဖြင့် ဖေဖော်ဝါရီလ ၁၀ ရက် ညပိုင်းက ကယ်ဆယ်ရေး လုပ်ငန်းများအား ဆိုင်းငံ့ထားခဲ့ရကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၁ ရက် နံနက်ပိုင်းတွင် ရေတပ်မှ ရေငုပ်သမားများဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်းနှင့် သေဆုံးသူ ၅ ဦး၏ ရုပ်အလောင်းများသာ တွေ့ရှိခဲ့ပြီး ကျန် ၅ ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်။

ယင်းလှေပေါ်တွင် လူပေါင်း ၃၀ နှင့် မော်တော်ဆိုက်ကယ် ၇ စင်းတင်ဆောင်လာသဖြင့် ဝန်ပို ဖြစ်လာကာ လှေတိမ်းမှောက်ရခြင်း ဖြစ်ကြောင်း သိရသည်။

လမ်းများ ကောင်းမွန်စွာ မရှိခြင်းနှင့် ယာဉ်အသွားအလာ ကျပ်တည်းခြင်း စသည့်အကြောင်းရင်းများကြောင့် ဒေသခံများ Indus မြစ်အတွင်း လှေများကိုသာ လမ်းပန်းဆက်သွယ်ရေးအတွက် အများဆုံး အသုံးပြုကာ သွားလာနေခြင်း ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117