Asia
APEC ပထမအကြိမ် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး ဗီယက်နမ်တွင် ကျင်းပ
ဟနွိုင်း၊ မတ် ၂ ရက် (ဆင်ဟွာ)
အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Asia-Pacific Economic Cooperation) ပထမဆုံးအကြိမ် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး (SOM 1)အား ယနေ့ (မတ်လ ၂ ရက်) က ဗီယက်နမ်နိုင်ငံ တောင်ပိုင်း Khanh Hoa ပြည်နယ် Nha Trang မြို့တွင် စတင်ကျင်းပခဲ့ပြီး အဖွဲ့ဝင် ၂၁ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေး အဖွင့် မိန့်ခွန်း၌ ဗီယက်နမ် အမြဲတမ်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်၊ ၂၀၁၇ ခုနှစ် အေပက် SOM 1 အစည်းအဝေး ဥက္ကဋ္ဌလည်း ဖြစ်သူ Bui Thanh Son က ပြောကြားခဲ့ရာတွင် ကမ္ဘာ့ စီးပွားရေးက အားနည်းသော်လည်း ကမ္ဘာ့ စီးပွားရေးအား မတည်ငြိမ်ဖြစ်စေမှုများအား ဖြေလျော့သွားမည် ဖြစ်ကြောင်း၊ အာရှ-ပစိဖိတ် ဒေသသည် စီးပွားရေး တိုးတက်မှုနှင့် ပြန်လည် ပေါင်းစည်းရေးအတွက် မောင်းနှင်နိုင်စွမ်း ဆက်လက် ကျန်ရှိနေသေးကြောင်းနှင့် ကုန်သွယ်မှု မြှင့်တင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု ပွင့်လင်းခြင်းစသည်တို့ တိုးချဲ့ဆောင်ရွက်သည့် ဒေသ တစ်ခု ဖြစ်ကြောင်း ထည်းသွင်း ပြောကြားခဲ့သည်။
“အဲဒီ စိန်ခေါ်မှုများအားလုံး ကျော်လွှားနိုင်ဖို့ အရင်းအမြစ်တွေ၊ အလားအလာတွေနဲ့ လုပ်ဆောင်နိုင်စွမ်းတွေ အေပက်မှာ ရှိပြီး ပိုမို တိုးတက် ဖွံ့ဖြိုးမှုအတွက်တွန်းအား ဖြစ်လာစေပါတယ်၊ တိုးတက်မှုရှိနေတဲ့ စီးပွားရေး အုပ်စုကြီး တစ်ခု ဖြစ်တာကြောင့် ကျွန်တော်တို့ ဒေသက ဖွံ့ဖြိုးမှုနှင့် ကြွယ်ဝ ပြည့်စုံမှုလမ်းကြောင်းကို ဆက်လက် ဦးတည် တက်လှမ်းသွားမှာ ဖြစ်တယ်” ဟု Son ၏ ပြောကြားချက်အား ကိုးကား၍ ဗီယက်နမ် နိုင်ငံပိုင် VNA သတင်း အေဂျင်စီက ဖော်ပြထားသည်။
နှစ်ရက်ကြာ ပြုလုပ်မည့် အဆိုပါ အစည်းအဝေး၌ အေပက် ကော်မတီများ၊ အလုပ်အဖွဲ့၏ ဆွေးနွေးမှုများနှင့် ဦးစားပေး နယ်ပယ် လေးရပ်တွင် အေပက် အစီအစဉ်အား မည်သို့ အဆင့်မြှင့်တင် လုပ်ဆောင်နိုင်မည်နည်း ဆိုသည့် အမြင်ချင်း ဖလှယ်မှုမှ အစီရင်ခံစာများနှင့် အကြံပြုချက်များအား နားထောင်ရမည် ဖြစ်သည်။ (Xinhua)