Politics, Law & Military
ရန်ကုန်တိုင်းဒေသကြီး အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ မှုခင်း ကြိုတင်ကာကွယ်ရေး စွန်ရဲ စီမံချက် ဖြင့် ဆောင်ရွက် လျက်ရှိ
ရန်ကုန် ၊ မတ် ၇ ရက်(ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး ၊ မှုခင်း ကြိုတင် ကာကွယ် ရေး အတွက် မတ် ၁ ရက်မှ ဧပြီ ၃၀ ရက် အထိ စွန်ရဲ စီမံချက်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
စွန်ရဲ စီမံချက်ဖြင့် ဆောင်ရွက်လျက် ရှိသော လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး ၊ မှုခင်း ကြိုတင် ကာကွယ်ရေး အတွက် ထိရောက်သော ကြိုတင်ကာကွယ်မှုများ ၊ ပြေး ၄ ပြေးများ ၊ ခိုး ၊ ဆိုး လုယက် ကျော်ဇော သတင်း ရှိသူများအား မြို့နယ်အလိုက် အရှိန်အဟုန်မြှင့် ဖမ်းဆီးရန် ၊ ကြားဖြတ် ရွေးကောက်ပွဲ၌ ရွေးကောက်ပွဲ
ဆိုင်ရာ ဥပဒေများ၊ နည်းဥဒေများ ချပြရှင်းလင်းရန် ၊ မဲရုံလုံခြုံရေးကို စီမံချက်ပါ အတိုင်း ဆောင်ရွက် သွားရန် တို့ဖြစ်ကြောင်း သိရသည်။
ထို့အတူ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား ၊ ကျောင်းသူများ စိတ်အေး ချမ်းမြေ့စွာ ဖြေဆိုနိုင်ရေး အတွက် ယာဉ်အန္တရာယ် ကင်းရှင်းရေးကို ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့်နယ်မြေရဲတပ်ဖွဲ့ တို့ပူးပေါင်း၍ ဝန်ဆောင်မှု များ ဆောင်ရွက်ပေးရန် ၊ စာမေးပွဲမေးခွန်း/အဖြေလွှာများ ထုတ်/သွင်း ပို့ဆောင်စဉ် စီမံချက်ပါအတိုင်း လုံခြုံရေး အထူး ဂရုပြု ဆောင်ရွက်ရန် တို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သြင်္ကန်ပွဲတော် ကာလမရောက်မီ ထိရောက်သော ကြိုတင်ကာကွယ်မှုများ၊ ဆိုးသွမ်း ရမ်းကား နိုင်သူများကို ရဲတပ်ဖွဲ့မှ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ကြိုတင် ထိန်းသိမ်းထားရန်၊ မူးယစ်ဆေးဝါး၊ လောင်းကစား ၊ လက်နက်ပုန်း ၊ ယစ်မျိုးနှင့် လူဆိုး၊ လူမိုက်များအား စုံစမ်းဖော်ထုတ်အရေးယူသွားရန်၊ မြို့နယ် အတွင်းရှိ သံရုံးသံတမန်လုံခြုံရေးအား တပ်ဖွဲ့ဝင်များ၏ လှည့်ကင်း ၊ ပတ်ကင်း များဖြင့် စိုးမိုး ဆောင်ရွက် ပေးရန်၊ အမှုလက်ကျန်များ အမြန်ဆုံး ပြီးပြတ် အောင်ဆောင်ရွက်ရန် နှင့် ရဲတပ်သားသစ် စုဆောင်းရေးကို
စီမံချက် ကာလအတွင်း အရှိန်အဟုန်ဖြင့် စုဆောင်းသွားရန် တို့ကို စီမံချက် ကာလ အတွင်း အလေးထား ဆောင်ရွက်ရန် တို့ဖြစ်ကြောင်း သိရသည်။ (Xinhua)