Connect with us

Politics, Law & Military

လုပ်ငန်းခွင်အတွင်း နေ့ကလေးထိန်းကျောင်းများ ဖွင့်လှစ်ပေးရန် စီစဉ်လျက်ရှိ

Women and Girls First Initiative အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး မိန့် ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ်လ ၇ ရက် (ဆင်ဟွာ)

လုပ်ငန်းခွင်အတွင်း နေ့ကလေးထိန်းကျောင်းများ ဖွင့်လှစ်ပေးရန် စီစဉ်လျက်ရှိသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ် အေးက Women and Girls First Initiative အခမ်းအနားတွင် မီဒီယာကို ဖြေကြားခဲ့သည်။

“လုပ်ငန်းခွင်မှာ နေ့ကလေးထိန်းကျောင်းတွေက တကယ်လိုအပ်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ကလည်း ပြောတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနမှာလည်း ဖွင့်ထားတယ်။ အခြားဝန်ကြီးဌာန တွေက လည်း ဖွင့်မယ်ဆိုရင် နေ့ကလေးထိန်းစောင့်ရှောက်တဲ့ ပညာ၊ မူကြိုပညာ သင်တန်းတွေ ပေးလို့ ရတယ်။ ဖွင့်တဲ့အခါမှာ ကူညီပေးလို့ ရတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ဖွင့်မယ် ဆိုလည်း အလုပ်ခွင်တွေမှာ နေရာတွေ ရှိတယ်။ ကျနော်တို့ ဝန်ကြီးဌာနကလည်း ပူးပေါင်း ဆောင်ရွက် မှာဖြစ်ပါတယ်၊ အဲ့ဒီကျတော့ လိုအပ်လာတဲ့ ဘတ်ဂျက်တို့ ငွေကြေးတို့ကျတော့ ဝန်ကြီးဌာနက တစ်နှစ်မှ တစ်ခါ ချထားတဲ့အတွက်ကြောင့် ရုတ်တရက် ဘက်ဂျက် မလုံလောက်ရင် မနေ့တုန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောသလို ပြည်ပ စီးပွားရေး ပညာရှင်တွေ၊ ဖောင်ဒေး ရှင်းတွေ၊ အလှူရှင်တွေဆီကနေပြီး ကူညီမှာဖြစ်ပါတယ်။ သူတို့လည်း စိတ်အား ထက်သန် နေကြ တယ် ဆိုတော့ ကျနော်တို့ ဒီဟာကို အစီအစဉ်တစ်ရပ်အနေနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အခု ကျွန်တော် တို့ စပြီး ပူးပေါင်းဆောင်ရွက်တေ့ာမှာပါ” ဟု နေပြည်တော် Royal ACE ဟိုတယ်တွင် ယနေ့နံနက် ပြုလုပ်ခဲ့သော Women and Girls First Initiative အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက ပြောခဲ့ခြင်း ဖြစ်သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး မီဒီယာကို ဖြေကြားစဉ် (ဆင်ဟွာ)

Women and Girls First Initiative အခမ်းအနားတက်ရောက်လာသူများ အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ် (ဆင်ဟွာ)

ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ခြင်း၊ ကလေးငယ်များအား ထောက်ပံ့ခြင်း အပါအဝင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်ထားမှုနှင့် ပတ်သတ်၍လည်း ၎င်းက ကိုယ်ဝန်ဆောင်မိခင်၊ ကိုယ်ဝန် စ ဆောင်ချိန်မှ ကလေး နှစ်နှစ်အရွယ် အထိ လူမှုကာကွယ်ရေး၊ စောင့်ရှောက်ရေး နည်းလမ်းတစ်ခုအနေနှင့် ဖွံ့ဖြိုးမှု အနည်းဆုံး ဒေသများဖြစ်သော ချင်း၊ ရခိုင်နှင့် နာဂတို့တွင် အစိုးရဘတ်ဂျက်နှင့် စတင်ဆောင်ရွက်သွားမည်ဟု ပြောခဲ့သည်။ ထို့သို့ဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်အား တစ်ရက်လျှင် ငါးရာကျပ်နှုန်း ထောက်ပံ့သကဲ့သို့ ပညာပေးအစီအစဉ်များလည်း ပေးသွားမည်ဖြစ်ခါ ကျန်းမာရေးဌာနမှ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု အထူးအစီအစဉ် ပေးသွားမည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ၁၈ နှစ်အောက် ကလေး အရေအတွက်မှာ တစ်နိုင်ငံလုံး လူဦးရေ၏ ၃၄ ရာခိုင်နှုန်းခန့်(၁၇ ဒသမ ၁၅ သန်းကျော်ခန့်) ရှိကြောင်း UNICEF စာရင်းများအရ သိရသည်။

အဆိုပါ အခမ်းအနားသို့ ပြည်နယ်များမှ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ UNFPA မှ တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.