Connect with us

Asia

တောင်ကိုရီးယားသမ္မတ ပက်ဂွမ်ဟေးအား သမ္မတရာထူးမှ အပြီးအပိုင် ရပ်စဲလိုက်ကြောင်း တရားရုံးက အမိန့်ချ

တောင်ကိုရီးယားသမ္မတ အဖြစ်မှ တရားဝင် ရပ်စဲ ခံလိုက်ရသည့် ပက်ဂွမ်ဟေးအားတွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ မတ် ၁၀ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက သမ္မတ ပက်ဂွမ်ဟေးအား စွပ်စွဲပြစ်တင်ခြင်းအဆိုကို ထောက်ခံလိုက်ပြီး တောင်ကိုရီးယားနိုင်ငံသမ္မတ ပက်ဂွမ်ဟေးအား မတ်လ ၁၀ ရက်တွင် သမ္မတရာထူးမှ အပြီးအပိုင် ရပ်စဲလိုက်ကြောင်း သိရသည်။

ခုံရုံး၏ ယာယီတရားသူကြီးချုပ် Lee Jung-mi က သမ္မတအား စွပ်စွဲပြစ်တင်မှုနှင့် ပတ်သက်၍ အမိန့်ချမှတ်မှုအား နိုင်ငံတစ်ဝန်းရုပ်သံလိုင်းများက အချိန်နှင့် တစ်ပြေးညီထုတ်လွှင့်ပြသခဲ့ပြီး ယင်းအမိန့်ချမှတ်မှုကို တရားသူကြီး ၈ဦးက တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း Lee ကပြောကြားခဲ့သည်။တောင်ကိုရီးယားနိုင်ငံ ဥပဒေအရ ခုံရုံး၏ အမိန့်စာသည် ကြေညာပြီးသည်နှင့်တစ်ပြိုင်နက် စတင်အသက်ဝင်ပြီဖြစ်၍ ပက်အနေဖြင့် လက်ရှိသမ္မတရာထူးနှင့် သမ္မတ၏လုပ်ပိုင်ခွင့်အာဏာ အားလုံးဆုံးရှုံးသွားပြီဖြစ်သောကြောင့် သမ္မတအိမ်ပြာတော်မှ ထွက်ခွာပေးရတော့မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117