Connect with us

Asia

အိန္ဒိယနိုင်ငံ အလယ်ပိုင်းတွင် ခရီးသည်တင် ရထား ပေါက်ကွဲမှုကြောင့် လူ ၆ ဦး ဒဏ်ရာရ

ပေါက်ကွဲမှု ဖြစ်ပွားနေသည့် ခရီးသည်တင် ရထား တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ မတ် ၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံအလယ်ပိုင်း မဒရာပရာဒတ်ရှ်ပြည်နယ်တွင် မတ်လ ၇ ရက်က ခရီးသည်တင် ရထားတစ်စင်း ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆင့်မြင့် ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

“အဲဒီ မတော်တဆမှုဟာ ဒေသစံတော်ချိန် နံနက် ၁၀း၀၀ နာရီဝန်းကျင်က မဒရာပရာဒတ်ရှ်ပြည်နယ် ရှာဂျပါခရိုင်မှာ Bhopal-Ujjain ခရီးသည်တင် ရထား ၅၉၃၂၀ ၏ တွဲ တစ်တွဲမှာ ပေါက်ကွဲခဲ့တာပါ၊ အဲဒီ ပေါက်ကွဲမှုအတွင်း လူ ၆ ဦး ဒဏ်ရာရရှိခဲ့တယ်” ဟု အမည်မဖော်လိုသူ မျက်မြင် သက်သေ တစ်ဦးက ပြောကြားခဲ့သည်။

ပေါက်ကွဲမှုအတွင်း လူသေဆုံးမှု မရှိခဲ့ကြောင်း၊ ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာသို့ ဆေးဘက်ဆိုင်ရာ အဖွဲ့အား စေလွှတ်ခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူများအား Kalapipal အစိုးရဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ အိန္ဒိယ မီးရထားဋ္ဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းရင်း အတိအကျအား ဖော်ထုတ်ရန် ညွှန်ကြားထားကြောင်း ရဲအရာရှိက ပြောခဲ့သည်။

ကမ္ဘာပေါ်ရှိ တတိယအကြီးဆုံး နိုင်ငံပိုင် မီးရထား ကွန်ရက်ရှိရာ အိန္ဒိယနိုင်ငံတွင် ခရီးသည်တင် ရထား ၁၂,၀၀၀ စင်း ရှိပြီး နေ့စဉ် ခရီးသည် ၂၃ သန်းအား ဝန်ဆောင်မှု ပေးလျက်ရှိသည်။ သို့သော်လည်း မီးရထားလမ်းဆိုင်ရာ ကိရိယာများမှာ နှစ်ကာလရှည်ကြာနေပြီ ဖြစ်သဖြင့် ဘေးကင်း စိတ်ချရမှု မရှိတော့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် ငါးနှစ်တာအတွင်း မီးရထားလုပ်ငန်းများ ခေတ်မီရန်နှင့် လမ်းပိုင်း ချဲ့ထွင်ရန်အတွက် အမေရိကန် ဒေါ်လာ ၁၃၇ ဘီလီယံ ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း ၂၀၁၅ ခုနှစ်တွင် ကြေညာခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117