Connect with us

Europe

ဂျာမနီနိုင်ငံဝန်ကြီးချုပ်မာကယ် မေလ ၂ ရက်တွင် ရုရှားသို့ သွားရောက်လည်ပတ်မည်

ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်(ဝဲ) နှင့် ဂျာမနီနိုင်ငံဝန်ကြီးချုပ် အန်ဂျလာမာကယ် (ယာ) တို့အား တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ မတ် ၁၇ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အန်ဂျလာမာကယ် သည် မေလ ၂ ရက်တွင် ရုရှားနိုင်ငံသို့ လာရောက်လည်ပတ်မည်ဟု ခန့်မှန်းရကြောင်း ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင် က မတ် ၁၆ ရက်တွင်ပြောကြားခဲ့သည်။

၎င်းက မော်စကိုမြို့၌ ဂျာမနီနိုင်ငံ ဘာဗားရီးယားပြည်နယ် အစိုးအဖွဲ့အကြီးအကဲ Horst Seehofer နှင့်တွေ့ဆုံစဉ် မာကယ် လာရောက်မည့်နေ့စွဲအား ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

Crimea ကျွန်းဆွယ်အရေးကိစ္စ၊ ယူကရိန်းအရှေ့ပိုင်း ရှိ ပဋိပက္ခများ နှင့် ဥရောပ၌ စစ်တပ်များ ထိပ်တိုက်တွေ့ဆုံမှု ပိုမိုများပြားလာစေခြင်း အပါအဝင် အခြားအရေးကိစ္စများကြောင့် ရုရှားနိုင်ငံ နှင့် ဥရောပသမဂ္ဂ အကြား ကာလရှည်ကြာစွာ အငြင်းပွားမှုများ ဖြစ်ပွားနေသည့်ကြားက ယခုကဲ့သို့ မာကယ်၏ ခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး Sigmar Gabriel မော်စကိုမြို့သို့ရောက်ရှိလာခဲ့သည့် လွန်ခဲ့သော အပတ်ကလည်း ၎င်းက မာကယ်အနေဖြင့် ရုရှားနိုင်ငံသို့ လာရောက်ရန် အခွင့်အလမ်းပေါ်ပေါက်လာလိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပူတင်အားပြောကြားခဲ့သည်။

Gabriel နှင့်တွေ့ဆုံစဉ်အတွင်း ပူတင်က ရုရှားနိုင်ငံ နှင့် ဂျာမနီနိုင်ငံတို့ ရင်ဆိုင်နေရသည့် အခက်အခဲများအားလုံးကို ဖြေရှင်းရန် နှင့် နှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန်အခြေအနေသို့ ပြီးပြည့်စုံစွာရောက်ရှိရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.