Connect with us

Europe

ပါရီရှိ Orly လေဆိပ်တွင် ပစ်ခတ်မှုဖြစ်ပွား၍ လူတစ်ဦးသေဆုံး

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ပါရီရှိ Orly လေဆိပ်အားတွေ့ရစဉ်(ဓါတ်ပုံ-အင်တာနက်)

ပါရီ၊ မတ် ၁၈ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ပါရီ ရှိ Orly လေဆိပ်တွင် မတ်လ ၁၈ ရက် နံနက်က စစ်သားတစ်ဦးဆီမှ လက်နက်အား လုယူခဲ့သည့် အမျိုးသားတစ်ဦး အသေပစ်သတ်ခံရကာ အခြားခရီးသည်များ ဒဏ်ရာရရှိမှုမရှိကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီးဋ္ဌာနကပြောကြားခဲ့သည်။

Orly လေဆိပ် တောင်ဘက်ဂိတ်တွင် ဒေသစံတော်ချိန် နံနက် ၈း၃၀နာရီက အမျိုးသားတစ်ဦးသည် အစောင့်စစ်သားထံမှ သေနတ်လုယူပြီးနောက် အနီးအနားရှိ လေဆိပ်ဆိုင်တစ်ဆိုင်အတွင်း ဝင်ရောက် ပုန်းခိုနေပြီးနောက် လုံခြုံရေးတပ်ဖွဲ့၏ ပစ်သတ်ခြင်းကို ခံခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Pierre-Henry Brandet က AFP သတင်းဋ္ဌာနသို့ပြောကြားခဲ့သည်။

ထို့နောက် လေဆိပ်မှ လူများအားထွက်ခွာခိုင်းခဲ့ပြီး သေဆုံးသူအမျိုးသား၌ ဖောက်ခွဲရေး ဝတ်စုံများ ဝတ်ဆင်ထားခြင်းရှိမရှိ မိုင်းရှင်းလင်းရေးတပ်ဖွဲ့များက ရှင်းလင်းခဲ့ကြောင်း သိရသည်။

အကြမ်းဖက်မှုနှိမ်နှင်းရေးတပ်ဖွဲ့ RAID ကိုလည်း အဆိုပါ နေရာတွင် ဖြန့်ကျက်ထားကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ရှာဖွေစစ်ဆေးရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း ပြင်သစ်အမျိုးသားရဲတပ်ဖွဲ့က ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားခဲ့ပြီး ခရီးသည်များအား ဘေးကင်းလုံခြုံရေးစည်းကမ်းချက်များကို လေးစားလိုက်နာရန်နှင့် လေဆိပ်ဧရိယာ အားရှောင်ရှားကြရန် ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် မတ်လ ၁၈ ရက် နံနက်က ပါရီမြို့တောင်ပိုင်းတွင် သေနတ်သမားတစ်ဦးက၎င်း၏ ကားအား ထိန်းချုပ်ရန် ကြိုးစားခဲ့သည့် ရဲတပ်ဖွဲ့ဝင် သုံးဦးအား သေနတ်ဖြင့်ပစ်ခတ်ကာ အဆိုပါ သေနတ်သမားလွတ်မြောက်သွားကြောင်း ပြည်တွင်းရုပ်သံလိုင်း BFMTV က ထုတ်လွှင့်ခဲ့သည်။

အာဏာပိုင်များက အဆိုပါဖြစ်ရပ် နှင့် Orly လေဆိပ် ဖြစ်ရပ် ဆက်စပ်မှု ရှိသည်ဟု သံသယဝင်ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.