Connect with us

Politics, Law & Military

၂၀၁၇ခုနှစ် အာရှ ဒေသဆိုင်ရာ ဘိုအောဖိုရမ် နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်ရန် ဒုတိယသမ္မတ ဦးမြင့်ဆွေ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘိုအောမြို့သို့ ထွက်ခွာ

နေပြည်တော်လေဆိပ်၌ ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား တွေ့ ရစဉ်(ဓာတ်ပုံ-Myanmar President Office)

ရန်ကုန် ၊ မတ် ၂၄ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘိုအောမြို့တွင် ကျင်းပမည့် ၂၀၁၇ခုနှစ် အာရှ ဒေသဆိုင်ရာ ဘိုအောဖိုရမ် နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်ရန် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့မတ် ၂၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့လေကြောင်း ခရီးဖြင့် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ဒုတိယသမ္မတနှင့်အတူ အဖွဲ့ဝင်များအဖြစ် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါသွားကြပြီး နေပြည်တော်လေဆိပ်၌ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒေါက်တာသန်းမြင့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်၊ ဦးလှကျော်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ သံရုံး သံရုံး ယာယီတာဝန်ခံ မစ္စ လီရှောင်ရန်တို့က ပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း နိုင်ငံတော် သမ္မတရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117