Connect with us

Politics, Law & Military

လွတ်လပ်၍ တရားမျှတသည့် ရွေးကောက် ပွဲဖြစ်စေရန် အစိုးရနှင့် ပြည်သူ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အစိုးရ သတင်း ထုတ်ပြန်ရေး အဖွဲ့မှ ထုတ်ပြန်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်း ထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ အား လွတ်လပ်၍ တရားမျှတသည့် ရွေးကောက် ပွဲဖြစ်စေရန် အစိုးရအနေဖြင့် ရွေးကောက် ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့များ၊ မိဘပြည်သူများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သတင်း ထုတ်ပြန်ရေးအဖွဲ့က သြဂုတ်လ ၁၇ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။

ယခုကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ သည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီး သမိုင်းတစ်လျှောက်တွင် ကျင်းပခဲ့သည့် ရွေးကောက် ပွဲများအနက် လွှတ်တော် ကိုယ်စား လှယ်လောင်းများ အမည်စာရင်း တင်သွင်းမှု အများဆုံး ဖြစ်ကြောင်း နှင့် အဆိုပါ ရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် ရလဒ်အတိုင်း အစိုးရအဖွဲ့ အနေဖြင့် လက်ခံ အတည်ပြု၍ တည်ဆဲ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့် အညီ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်ဟု ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

အစိုးရအဖွဲ့သည် ပြည်သူများ လက်ရှိကြုံတွေ့နေရ သည့် နိုင်ငံ အနှံ့ ရေဘေးအန္တရာယ်မှ အမြန်ဆုံး ကင်းဝေးအောင် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို တစိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက် လျက်ရှိကြောင်း၊ တစ်ချိန်တည်းမှာပင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငြိမ်းချမ်းရေး ဖြစ်စဉ် အောင်မြင်ပြီး တည်ငြိမ် အေးချမ်းမှု ရှိစေရန်နှင့် ဖွံ့ဖြိုး တိုးတက်မှု ရှိစေရန် ကြိုးပမ်းဆောင်ရွက် လျှက်ရှိကြောင်း၊ အစိုးရအဖွဲ့၏ အဓိက တာဝန်ဖြစ်သော အုပ်ချုပ်ရေးတာဝန် နှင့် ဒီမိုကရေစီ စနစ်၏ အခြားသော မဏ္ဍိုင်ကြီး နှစ်ရပ်ဖြစ်သော ဥပဒေပြုရေးနှင့် တရား စီရင်ရေးတို့နှင့်လည်း ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း ဖော်ပြပါရှိသည်။

သြဂုတ်လ ၁၃ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိစ္စရပ်သည် တရားဝင်နိုင်ငံရေး ပါတီများထဲမှ ပါတီ တစ်ခု၏ဆန္ဒအရ ခေါင်းဆောင်မှု ပြောင်းလဲခြင်းနှင့် ပြန်လည်ဖွဲ့ စည်းသည့် ကိစ္စရပ်သာ ဖြစ်ပါကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117