Connect with us

Environment, Disasters & Accidents

ပုသိမ်မြို့ ငဝန်မြစ်အတွင်း ရေယာဉ်နစ်မြုပ်မှုမှ အသက်ရှင်သူ အရေအတွက် တိုးလာ


ရန်ကုန် ၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ငဝန်မြစ်အတွင်း ရေယာဉ် နစ်မြုပ်မှုမှ အသက်ရှင်သူ ၄၀ ဦးအထိ တိုးလာခဲ့ပြီး သေဆုံးသူ ၂၀ ဦးရှိကြောင်း ပုသိမ် ရေကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ယနေ့ ဧပြီ ၇ ရက် ည ၁၁ နာရီခွဲဝန်းကျင် အချိန်တွင် ကယ်ဆယ်ရရှိမှု အခြေအနေအား ဆင်ဟွာသို့ ပြောကြားခဲ့သည်။

“အသက်ရှင်တာက ကျား ၃၆ ဦး ၊ မ ၄ ဦးပါ။ သေဆုံးတဲ့ ၂၀ ထဲမှာ ကလေးက ၃ ယောက်ပါတယ်။ အသက်ရှင်တဲ့ သူတွေကိုယ်တိုင် လှေပေါ်မှာ ဘယ်နှစ်ယောက် ပါလာလဲ သူတို့ မသိဘူး။ မြုပ်သွားတဲ့ လှေရဲ့ မောင်းတဲ့သူကိုလဲ ဆယ်လို့ ရတဲ့ အထဲမှာ မတွေ့ဘူး။ အသက်ရှင် ထွက်လာတဲ့ အထဲမှာ ငွေကြယ်ပွင့် သင်္ဘောမောင်းတဲ့သူကို ရှာလို့ မတွေ့သေးဘူး။ ကျောက်သယ် သင်္ဘောက ရေယာဉ်အုပ်ကိုတော့ သက်ဆိုင်ရာ နယ်မြေ ရဲစခန်းကို လွှဲပေးလိုက်ပါပြီ။ အသက်ရှင် ကျန်တဲ့သူတွေကိုတော့ ခုချိန်ထိ လိုက်ရှာနေဆဲပါပဲ” ဟု ပုသိမ် ရေကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရေယာဉ် နစ်မြုပ်မှုအား ကယ်ဆယ် ဆောင်ရွက်နေမှု အခြေအနေများအား တွေ့ရစဉ်(ဆင်ဟွာ)

ရေယာဉ် နစ်မြုပ်မှုအား ကယ်ဆယ် ဆောင်ရွက်နေမှု အခြေအနေများအား တွေ့ရစဉ်(ဆင်ဟွာ)

ယခုအခါတွင် ရေယာဉ် နစ်မြုပ်မှုမှ သေဆုံးသူ ၂၀ ဦး၏ ရုပ်အလောင်းများအား ဆယ်ယူထားပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကြက်တန်းကူးတို့ဆိပ်အောက်ဘက် ပုသိမ်ထီးအနီး ငဝန်မြစ်အတွင်း မင်္ဂလာဆောင်မှပြန်လာသော ငွေကြယ်စင် ခရီးသည်တင်ရေယာဉ်နှင့် နဒီရွှေဇင်ကျောက်သယ်သင်္ဘောတို့ သည် ယနေ့ ဧပြီ ၇ ရက် ၊ ည ၇ နာရီခွဲဝန်းကျင် အချိန်တွင် မျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်ပွားပြီး ငွေကြယ်စင် ခရီးသည်တင်ရေယာဉ် နစ်မြုပ်မှုဖြစ်ပွားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117